အချပ်ပို-၁ ⚠️

1.5K 46 14
                                    

*** သတိပေးချက် ***

ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ လိင်ဆက်ဆံခြင်း စသည့်အကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။

Porsche POV

ကျွန်တော့်ရဲ့ ညာဘက်လက်ခလယ်မှာ
ဝတ်ဆင်ထားတဲ့ ကြေးနီရောင်လက်စွပ်တစ်ကွင်း...
လက်စွပ်ပေါ်မှာ တီရာပန်ညာကွန် နာမည်အတိုကောက်ထွင်းထုထားပြီး မိသားစုငယ်အမှတ်တံဆိပ်နဲ့ တွဲဖက်တန်ဆာဆင်ထားတယ်။

ဒီလက်စွပ်ကိုဝတ်ဆင်ထားတဲ့သူက အိမ်တော်ရဲ့ အာဏာအရှိဆုံးပုဂ္ဂိုဟ်ပေါ့...အိမ်တော်ရဲ့ စီးပွားရေး၊ ရှယ်ယာတွေနဲ့ ငွေကြေးပိုင်ဆိုင်မှု အားလုံးကို စီမံခန့်ခွဲဖို့ အခွင့်အာဏာ အပြည့်အဝရှိသူ...
အခုလောလောဆယ်တော့ ကျွန်တော်က Khun Kanပြီးနောက် မိသားစုငယ်ရဲ့ ဆက်ခံသူပေါ့...ဒါတွေအားလုံးကို ဇာတ်ညွှန်းရေးခဲ့သူက Khun Korn...

စာရွက်စာတမ်းပေါ်မှာ လက်မှတ်ရေးထိုးလိုက်ရုံနဲ့ ကျွန်တော်က ခေါင်းဆောင်အကြီးအကဲဖြစ်လာတော့မှာ ..ဒါပေမယ့် ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲမျိုးစုံကြောင့် တုန်လှုပ်‌ခြောက်ခြားခဲ့ရတဲ့ စိတ်ခံစားချက်တွေ အနည်းမထိုင်သေးခင်မှာဘဲ ကျွန်တော်က ရုတ်တရက်ကြီး မိသားစုငယ်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သလို ကျွန်တော့်ချစ်သူကလည်း မိသားစုကြီးရဲ့ခေါင်းဆောင်ဖြစ်လာခဲ့တယ်။

ကျွန်တော့် စိတ်ထဲမှာတော့ ဒီအခြေအနေတွေက သေချာပေါက် ကောင်းမနေဘူးပေါ့!

"အရမ်းကြီး လျောက်မတွေးပါနဲ့Porsche.. ပါးကတော့ ကိုယ်တို့ရဲ့အချစ်ကို အရင်းတည်ပြီး မိသားစုနှစ်စုကို ပေါင်းစည်းစေချင်တယ်လို့ ပြောထားတာပဲ...."

လက်စွပ်ကို အချိန်အတော်ကြာ စိုက်ကြည့်နေတဲ့ ကျွန်တော့်ကို သတိထားမိသွားတဲ့ Kinnက အနားကို လျှောက်လာကာ ကျွန်တော့်ကို အနောက်ကနေသိုင်းဖက်လိုက်ပြီး လည်တိုင်ကို နှာဖျားနစ်ဝင်ရုံ နမ်းရှိုက်လာခဲ့တယ်တယ်။

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz