အခန်း ၂၅။ ရပ်တန့်ဖို့မဖြစ်နိုင်ဘူး⚠️

772 34 0
                                    

(T/N- ကိုယ်တိုင်လည်း readerတစ်ယောက်လို တစ်ပိုင်းချင်းစီသေချာပြန်ဖတ်ပြီး editလုပ်နေတာ....အခုချိန်ထိ ပြန်ခဲ့သမျှအပိုင်းတွေထဲမှာ ဒီအပိုင်းကို အားအရဆုံးပဲ စကားလုံးအသုံးအနှုန်းတွေကအစ တကယ် အားရတယ်။ ဘယ်လိုဦးနှောက်နဲ့ စဉ်းစားခဲ့တာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးယူရတဲ့အထိပဲ...ကိုယ့် ငါ့ချဉ်ကိုယ်ချဉ်သလိုဖြစ်သွားရင် ခေါ့ထော့ခ😁)

*** သတိပေးချက်****

ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ လိင်ဆက်ဆံခြင်းအကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။

Porsche POV

အရင်းနှီးဆုံး အငွေ့အသက်တွေ လွှမ်းခြုံထားတဲ့ ကြွက်သားအပြည့်ရင်အုပ်ပေါ်မှာ မျက်နှာအပ်ထားရင်း နိုးထလာခဲ့တဲ့ ကျွန်တော့်ရဲ့ မနက်ခင်းတစ်ခု....

Kinnရဲ့ ကိုယ့်သင်းရနံ့က ကျွန်တော့်စိတ်ကို ငြိမ်အေးစေပြီး နောက်တစ်ကြိမ်ပြန်အိပ်ပျော်စေဖို့ ချော့သိပ်နေသယောင်....Kinnက တစောင်းအနေအထား လဲလျောင်းနေရင်း လက်တစ်ဖက်က ကျွန်တော့် ခေါင်းအောက်ကို လျှိုသွင်းထားပြီး တစ်ခြားလက်တစ်ဖက်က ကျွန်တော့်ခါးကို ဖက်တွယ်ထားလေသည်။

သူ့ရင်ခွင်ထဲမှာ နိုးထလာတဲ့ အချိန်တိုင်းက ကျွန်တော့်ကို အပြည့်အဝ လုံခြုံစိတ်ချရတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။ သက်တော်စောင့်ဖြစ်တဲ့ ကျွန်တော့်ကို သူက ပြန်‌ပြီးကာကွယ်ပေးနေသလိုပဲ..
အင်း..နည်းနည်းတော့ လွဲနေပေမယ့်...ဒီခံစားချက်က အရမ်းမိမိုက်နေတယ်မဟုတ်ဘူးလား..

(T/N -
မသိဘူး..ကာကွယ်ပေးမယ့်သူ မရှိလို့🤧)

သက်သောင့်သက်သာရှိလွန်းတဲ့ အနွေးဓာတ်လေးကြောင့် သူ့လက်မောင်းကြားထဲ ပိုပြီး နစ်မြုပ်အောင်အလိုအလျောက် တိုးဝင်နေမိချိန်..သူကလည်း ကျွန်တော့်ကို တင်းတင်းကြပ်ကြပ် ပြန်ထွေးပွေ့ကာထားတယ်။ ကျွန်တော့် ခန္ဓာကိုယ်က ဘာမှ မလုပ်ချင်လောက်အောင်ကို ပျင်းရိလေးတွဲလို့နေတယ်။ ဒီအတိုင်းလေး...ဒီအတိုင်းလေးပဲ ဆက်ပြီး အိပ်နေချင်တယ်..အရမ်းကို သက်သောင့်သက်သာရှိလွန်းတာကြောင့်.....

FreeFall (Unicode +Zawgyi) (Completed)Tahanan ng mga kuwento. Tumuklas ngayon