အခန်း ၂၇။ လုံလောက်ပြီ

397 32 4
                                    

Porsche POV

"ပြိုင်ပွဲက ပြီးသွားပြီ ဆိုတော့ မင်းမှာ တစ်ခြား ဘာအစီအစဉ်တွေရှိသေးလဲ?"

ဂျူဒိုကလပ်ရဲ့ ခုံတန်းရှည်ပေါ်မှာ ပျင်းရိလေးတွဲ့စွာ ထိုင်နေတဲ့ ကျွန်တော့်ကို Jomက မေးလာတယ်။ ခုံတန်းနောက်မှီကို ခပ်လျောလျော မှီထိုင်ထားရင်း စိတ်မပါလက်မပါ ပြန်ကြည့်မိတော့ နှစ်ယောက်သား ကျွန်တော့် ဘေး တစ်ဖက်တစ်ချက်စီ ဝင်ထိုင်လာကြတယ်။

"ဒါနဲ့ ဘာလို့မှိုင်နေတာလဲ သားကြီးရ~~ မင်း နိုင်သွားတယ်လေ ပျော်နေရာမှာ မဟုတ်ဘူးလား?"

ကျွန်တော့လည်ပင်းကို သိုင်းဖက်ကာပြောလာတဲ့ Temကို တစ်ချက်စိုက်ကြည့်ပြီး ဒီနေ့အတွက် အကြိမ် ၁၀၀မြောက် သက်ပြင်းကို ချမိလိုက်တယ်။

ကျွန်တော့် ခံစားချက်တွေ ဒီလောက်ထိ နက်ရှိုင်းသွားလိမ့်မယ်လို့ တကယ် မထင်ထားခဲ့ဘူး။ ရုတ်တရက် ပြောင်းလဲသွားတဲ့ Kinnရဲ့အပြုအမူတွေက ကျွန်တော့်ကို အတွေးလွန်စေခဲ့ပြီး ချောက်ကမ်းပါး အစွန်းမှာ ရပ်နေရတဲ့ လူတစ်ယောက်လို ခံစားချက်တွေ အတိုင်းအစမရှိ ရှုပ်ထွေးပွေလီစေခဲ့တယ်။

ဒီလို သိပ်အရေးမပါတဲ့ ကိစ္စတွေကို လိုက်ပြီး ခံစားနေတဲ့ ခပ်ပျော့ပျော့ လူတစ်ယောက် တစ်ကယ် မဖြစ်ချင်ပေမယ့်လည်း အခုလိုအခြေအနေမှာ ဘယ်လိုမှ အေးအေးဆေးဆေး မနေနိုင်ဘူး။

!ချီးပဲ!

ဒီရက်ပိုင်းတွေမှာ ကျွန်တော်တို့ စကားမပြောဖြစ်သလောက်ပဲ။ အလုပ်ကိစ္စ၊ ကျောင်းကိစ္စတွေနဲ့ပဲ ပတ်ရှုပ်နေခဲ့တာ။ အရင်ဆို ကျွန်တော့်အနားမှာ စိတ်ရှုပ်စရာကောင်းလောက်အောင် တွယ်ကပ်နေတဲ့သူက အခုတော့ တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားခဲ့ပြီ။ ရုတ်တရက်ကြီး လုံးဝကို အေးစက်သွားခဲ့တယ်လေ...

!သူ ဘာကြောင့် ပြောင်းလဲသွားရတာလဲ? ကျွန်တော့်ရဲ့ စောက်ဦးနှောက်က နည်းနည်းမှ အလုပ်မလုပ်နိုင်တော့ဘူး!

လွန်ခဲ့တဲ့ နှစ်ရက်က Kinn ရဲ့ဖုန်းထဲက ဗီဒီယိုဖိုင်တွေကို မတော်တဆကြည့်ခဲ့မိတယ်။ လိုအပ်တဲ့ စာရင်းမှတ်တမ်း‌တွေကို Kinn ဖုန်းအဟောင်းထဲမှာ ရှာကြည့်ရင်း မထင်မှတ်ဘဲ သူ့ရည်စားဟောင်းနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံ၊ ဗီဒိုယို၊ အမှတ်တရတွေ ပြည့်နှက်နေတဲ့ ဖိုင်ကို တွေ့ခဲ့ရတယ်။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now