[တစ်နေရာရာ၌]
"ငါ့အစ်ကိုဆီ ဒီဓာတ်ပုံတွေပို့လိုက်တာ မင်းမှတ်လား Big?!"
ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တဲ့အသံက မြို့စွန်ရှိအိမ်အိုကြီး တစ်ခုလုံးကို ဟိန်းခနဲ....
"စိတ်လျော့ပါ Khun Mek"
"မင်းတော်တော်အားယားနေလား ဟမ်! Big?....အဲ့ဒီဓာတ်ပုံကို ငါ့အစ်ကိုဆီကိုပို့ရလောက်အောင်အထိလေ!? အဲ့ဒီအကောင်ကိုမေ့ဖို့ ငါ့အစ်ကိုဘယ်လောက်တောင်ကြိုးစားခဲ့ရလဲဆိုတာ မင်းသိလား ဟမ်!?"
သူ့အစ်ကိုထံသို့ Kinn ရဲ့ဓာတ်ပုံတွေ၊ အချက်အလက်တွေနဲ့ ဗီဒီယိုတွေကို တစ်ယောက်ယောက်က တိတ်တိတ်လေးပို့နေတာကိုသိသွားပြီးနောက် Mek တစ်ယောက် အကြီးအကျယ် ပေါက်ကွဲတော့သည်။ အဲ့ဒီ့နှစ်ယောက်ပြတ်သွားတာ တစ်နှစ်ကျော်သွားပေမယ့်လည်း သူ့အစ်ကိုရင်ထဲက ဒဏ်ရာတွေကတော့ အခုထက်ထိကိုမပျောက်နိုင်သေးဘူး။ တစ်ခါတစ်ရံဆို Tawan ရဲ့ အိပ်မက်တွေထဲအထိတောင် လိုက်နှောက်ယှက်နေလို့ အိပ်မပျော်တာတွေတောင်ရှိလာတယ်။ Mek တစ်ယောက် သူ့အစ်ကိုခံစားနေရတာတွေကို ဘယ်လိုမှကြည့်မနေနိုင်တော့ဘူး။ အဆိုးဆုံးကတော့ သူ့အတွက်အရေးကြီးဆုံးမိသားစုဝင်တစ်ယောက်ဖြစ်တဲ့ သူ့အစ်ကိုကို ခံစားရအောင်လုပ်ခဲ့တာက တစ်ခါကညီအစ်ကိုအရင်းလိုဆက်ဆံခဲ့တဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်နေတာပဲ။
"Khun Mek....Khun Tawan ကိုတကယ်ကူညီချင်တယ်ဆိုရင် သူလိုချင်တာကိုပေးလိုက်တာက အကောင်းဆုံးမဟုတ်ဖူးလား?"
Big တစ်ယောက် တကယ်ကို စိတ်ပူနေတဲ့လေသံနဲ့ပြောလိုက်ပေမယ့်လည်း သူ့အရှေ့ကလူကတော့ သူ့ကို မျက်လုံးစိမ်းကြီးတွေနဲ့သာစိုက်ကြည့်နေသည်။
"မင်း စကားပြောတာကြည့်ပြော Big....ငါ့အစ်ကိုက Kinn ကိုကြိုက်နေသေးတာမှန်ပေမယ့် မင်းလည်း Kinn အပေါ်မှာမရိုးသားဘူးဆိုတာ ငါမသိဘူးများထင်နေလား! အဲ့တာကြောင့် ငါ့ကိုလာပြီး စကားလုံးလှလှတွေနဲ့ လာအယုံသွင်းမနေနဲ့"
"မဟုတ်တာတွေ မပြောပါနဲ့ Khun Mek ရာ
စိတ်လျော့ပါဗျာ..."Mek က သူ့ကိုမျက်လုံးတွေမှေးစင်းပြီးစိုက်ကြည့်လိုက်တော့ Big က အေးအေးဆေးဆေးပဲ စီးကရက်ကို ပါးစပ်နားတေ့ကာဖွာလိုက်သည်။
![](https://img.wattpad.com/cover/341236727-288-k395176.jpg)
YOU ARE READING
FreeFall (Unicode +Zawgyi) (Completed)
ActionThis is a fan translation of KP novel.........