အခန်း ၆။ ဆုံးဖြတ်ချက် မှန်လား? မှားလား?

390 26 0
                                    

Porsche POV

ကျွန်တော် Khun Kornရဲ့ အနားက ဆိုဖာမှာ ထိုင်နေပြီး လက်ထဲမှ စာချုပ်ကို တစ်ကြောင်းချင်း သေချာဖတ်နေရင်း ထိုလူကြီးရဲ့ တည်ကြည်အေးဆေးတဲ့ အသွင်အပြင်ကို တစ်ချက် တစ်ချက် အကဲခတ်နေမိတယ်။

ကျွန်တော်ရဲ့ ဘေးမှာ ထိုင်နေသူကတော့ Kinn... တင်းမာတဲ့ မျက်နှာထားနဲ့ ကျွန်တော့်ကို အကြည့်လွှဲထားရင်း ခြေချိတ်ထိုင်နေတယ်။ သောက်ချိုးမပြေတဲ့ ‌ဒီကောင်‌ရဲ့ ခေါင်းကို ရှေ့က ပန်းအိုးနဲ့ မပေါက်ခွဲမိအောင် ကိုယ့်ကိုယ်ကို မနည်းထိန်းထားရတယ်။

အခု ကျွန်တော်ရဲ့ ရွေးချယ်မှုက ဘာလဲဆိုတာ ရှင်းပြနေစရာမလိုတော့ဘူးထင်ပါရဲ့။ သက်တော်စောင့်မလုပ်ချင်ဘူးဆိုတဲ့ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ  သွေးဆောင်တတ်လွန်းသော ဒီမိသားစုအကြီးအကဲရဲ့ မက်လောက်စရာကမ်းလှမ်းချက်တွေအောက်မှာ အတုံးအရုံး ကျဆုံးသွားခဲ့ပြီ။

ကျွန်တော်ရဲ့ ပထမဆုံး အမြင်အရတော့ ဒီလူကြီးက အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဆိုတာ သေချာတယ်။ သူရဲ့ ကမ်းလှမ်းချက် ကို တစ်ညလုံး အပြန်ပြန်အလှန်လှန် စဉ်းစားပြီးနောက်မှာတော့ အခု ကျွန်တော် မနေ့က နေရာကိုပဲ တစ်ဖန်ပြန်ရောက်လာခဲ့လေပြီ။

ဒီလိုကြီးမားတဲ့ စံအိမ်တော်မှာ သက်တော်စောင့်တွေကလည်း လက်ညှိုး‌ထိုးမလွဲဘူး။ ဇိမ်ခံပစ္စည်းအမြောက်အများနဲ့ ခန့်ညားထည်ဝါတဲ့ အပြင်အဆင်ကို ကြည့်ရုံနဲ့ ဒီအိမ်ပိုင်ရှင်ရဲ့ ချမ်းသာကြွယ်ဝမှုကို တွက်စလို့ရနေပြီ။ ဒီလိုစံအိမ်မျိုးရဲ့ ပိုင်ရှင်ဟာ ကာစီနိုအများကြီးပိုင်ဆိုင်တဲ့ နိုင်ငံရဲ့အချမ်းသားဆုံး သူ‌ဌေးတွေထဲက တစ်ယောက်ဖြစ်မှာမလွဲပဲ။

စံအိမ်တစ်ခုလုံးကို နှံ့စပ်အောင်သွားနိုင်ဖို့တောင် အချိန်တော်တော်ယူရမယ်။

"အလုပ်လက်ခံမယ်ဆိုရင် ဒီမှာ လက်မှတ်ထိုးပါ။"

Phi Chanက ပြောတယ်။

စာချုပ်ပါအချက်အလက်တွေထဲက တစ်ချက်ကကျွန်တော် သေဆုံးခဲ့ရင်ရမယ့် အသက်အာမခံကြေးကို Chayဆီကို လွှဲပြောင်းပေးမည့်အကြောင်း။ ဒီစာမျက်နှာကိုဖတ်ပြီး ကျွန်တော် ခေါင်းတောင် မူးနောက်နောက်ဖြစ်ချင်သွားတယ်။ ဒီလူတွေ ကျွန်တော်ကို ဘာတွေ လုပ်ဖို့ထိ မျှော်မှန်းထားတာလဲ။

FreeFall (Unicode +Zawgyi) (Completed)Où les histoires vivent. Découvrez maintenant