အခန်း ၁၃။ နမိတ် (Zawgyi)

91 3 0
                                    

တစ်နေရာရာ၌

"သူက အခုလောလောဆယ် တစ်အိမ်လုံးရဲ့ အာရုံစိုက်ခြင်းခံနေရတယ်ဗျ။ အထူးသဖြင့် Khun Kinnပေါ့"

‌အသံပိုင်ရှင်က သူ့အရှေ့က စီးကရက်သောက်နေတဲ့ လူငယ်ကို စိုက်ကြည့်ရင်း ပြောလိုက်ခြင်းဖြစ်သည်။

"သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ရဲရင့်တဲ့သူမျိုးလေ။ သူ့ကို စိတ်မဝင်စားဘဲ ဘယ်သူက နေနိုင်မှာလဲ"

သစ်အယ်သီးပုံ နီညိုရောင်ရင့်ရင့် နှုတ်ခမ်းဖျားဆီကနေ အဖြူရောင် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်သောကြောင့် အငွေ့များက တစ်ခန်းလုံးကို ပျံနှံသွားပြီး တစ်ဖြည်းဖြည်း လွင့်ပါးသွား၏။

"ဟုတ်တာပေါ့"

ထိုလူက မနာလိုမှုတွေ ဖုံးလွှမ်းနေတဲ့လေသံဖြင့်ထောက်ခံလိုက်ပြီး အံတင်းတင်းကြိတ်ကာ စိုက်ကြည့်နေ၏။

"သူက အရသာရှိလိမ့်မယ်လို့ထင်လား?"

ဆေးလိပ်သောက်နေတဲ့သူက ခပ်ရှရှလေသံဖြင့် သူ့ရှေ့က အမည်းရောင် suitဝတ်စုံနဲ့လူကို မေးလိုက်သည်။ထိုသူက အဖြေပြန်မပေးခင် သူ့ရဲ့ ချောမောတဲ့ မျက်နှာကို ခဏစိုက်ကြည့်လိုက်ပြီးမှ.....

"သူက straightနော်။ အကြိုက်ပြောင်းသွားပြီလားဗျ"

သူက လျှို့ဝှက်ပြီး ခန့်မှန်းရခက်တဲ့ လူစားမျိုး။ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ ယဉ်ကျေးပျူငှာပြီး အေးချမ်းတဲ့ အသွင်အပြင်က သူရဲ့မျက်နှာဖုံးတစ်ခုပဲ။လက်ရာကောင်းလွန်းတဲ့ မျက်နှာဖုံးကြောင့် သွေးအေးပြီးရက်စက်လွန်းတဲ့ သူရဲ့ တစ်ဖက်ခြမ်းကို ဘယ်သူကမှ သတိထားမိမှာမဟုတ်ဘူး။

"အင်း Kinnရဲ့ဇယားလေးတွေကို နည်းနည်းငြီးငွေ့လာလို့"

စီးကရက်ကို လက်ညှိုးဖြင့်တောက်လိုက်ပြီး ပြာတစ်ချို့ကို အရှေ့က ‌ဖန်ရောင်ပြောင်လက်နေသောပြာခွက်ထဲသို့ ခြွေချလိုက်သည်။

Kinnရဲ့ ခြေလှမ်းတွေကို စောင့်ကြည့်နေတဲ့ သူ့အဖို့ Kinnအကြိုက်က ဘယ်လိုတွေလဲ၊ ညဘက် ဘယ်သူ့ကို အိပ်ရာထဲခေါ်မလဲဆိုတာက အစကြိုသိနေခဲ့တယ်။ ပြီးတော့ အဲ့ဇယားတွေကို Kinnမခေါ်ခင်မှာပဲ သူ့ဘက်က ကြိုခေါ်ပြီး အရင်အိပ်လိုက်တယ်လေ။ Kinnကို surprised တိုက်တဲ့ ‌အနေနဲ့ပေါ့။

FreeFall (Unicode +Zawgyi) (Completed)Onde histórias criam vida. Descubra agora