Porsche POV
"Porsche! ငါ ညက ဇာတ်ကားကို သိပ်မကြိုက်ဘူး "
" ဘာလို့လဲ? စိတ်ဝင်စားဖို့ မကောင်းဘူးလား?"
"ဆိုးတော့ မဆိုးပါဘူး။ ဒါပေမယ့် ဇာတ်လမ်းပုံစံက နည်းနည်းကြောက်ဖို့ကောင်းတယ်။ ပြီးတော့ မင်းသားနဲ့ မင်းသမီးက သရုပ်ဆောင် သိပ်မကောင်းဘူး"
ရီမုကိုင်ကာ TV cahnnel တစ်လိုင်းပြီး တစ်လိုင်းပြောင်းနေရင်း Khun Tharnkhun က ဆိုလာတယ်။
သူက တည်တည်ငြိမ်ငြိမ်ပဲ။ ရှက်နေတာတွေ ဘာတွေလည်းမရှိဘူး။ မနေ့ကဆို Pornသာထိုင်ကြည့်နေတာ သူ့ပုံစံက လုံးဝအေးအေးဆေးဆေး။ ဘဝမှာ Pornကို ဒီလို အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ် ထိုင်ကြည့်နိုင်တဲ့လူသားကို ပထမဆုံးမြင်ဖူးတာပဲ။
သူက ပန်းသေနေတာလား၊ ဒါမှမဟုတ် ကလေးစိတ်မကုန်သေးတာလား။ ဒီအသက်အရွယ်ရောက်နေပေမယ့် sexကိစ္စထက်စာရင် လာဗန်ဒါပန်းခင်းထဲမှာ ယူနီကွန်းစီးပြီး ဆော့ကစားဖို့ကိုသူက ပိုပြီးစိတ်အားထက်သန်နေသလိုပဲ။
Khun TharnKhunဘဝမှာ မိန်းမတစ်ယောက်ကိုရော အိပ်ရာထဲခေါ်ဖူးရဲ့လား။ ခေါ်ခဲ့ဖူးရင်တောင် ဇာတ်လမ်းတွဲတူတူကြည့်ခိုင်းဖို့ ခေါ်တာမျိုးပဲဖြစ်မှာ။ ကျွန်တော်တွေ့သလောက်တော့ TVကြည့်တာနဲ့ သီချင်းဆိုတာကလွဲပြီး သူဘာမှ စိတ်မဝင်စားဘူး။
ဒီဘဲက တကယ်ဆယ်ပြားလိုနေတာပဲ။
မနေ့ညက ကျွန်တော့်တို့အကုန်လုံးကို အခန်းပြင်ထွက်ခိုင်းပြီး သူ့ဟာသူ နောက်ထပ်porn နှစ်ကား ထပ်ကြည့်သေးတယ်။ အကြောင်းပြချက်က ဒီလိုပုံစံ ဇာတ်ကားမျိုး သူ့ဘဝမှာ ပထမဆုံးကြည့်ဖူးတာဖြစ်လို့ ပိုပြီး နားလည်ချင်လို့တဲ့လေ....။ မနက်လေးနာရီထိုးခါနီးမှ အိပ်ပျော်သွားလေရဲ့....။
ဒီမနက် အိပ်ရာနိုးတော့လည်း ကျွန်တော်တို့ကို အကျပ်ရိုက်စေမယ့် မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ ခေါင်းစားနေပြန်ပြီ။
'ကောင်မလေးက ဘာလို့ ကြိုးနဲ့ချည်ခံထားရတာလဲ?'
'သူတို့က ဘာလို့ စားပွဲအောက်မှာ ခိုးကြောင်ခိုးဝှက် လုပ်နေကြတာလဲ?'
![](https://img.wattpad.com/cover/341236727-288-k395176.jpg)
ESTÁS LEYENDO
FreeFall (Unicode +Zawgyi) (Completed)
AcciónThis is a fan translation of KP novel.........