အခန်း ၇။ ပထမဆုံးနေ့အတွေ့အကြုံ

464 25 0
                                    

Porsche POV

ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြန်သုံးသပ်ရင်း စံအိမ်တံခါးဝရှေ့၌ အချိန်အတော်ကြာရပ်နေပြီးနောက်
ခံ့ညားထယ်ဝါလှသော ခြံကြီးအတွင်းသို့ မောင်းဝင်လာခဲ့တယ်။ ကျွန်တော့်နာမည်ကိုပြောလိုက်တော့ အစောင့်တွေက ယာဉ်ရပ်နားရာနေရာသို့ လမ်းညွှန်ပေးတယ်။

ကျွန်တော် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ခြံထဲတွင်သာမက အိမ်ထဲမှာပါ မတ်တပ်ရပ်၍တစ်မျိုး ထိုင်၍တစ်ဖုံရှိနေသော အနက်ရောင် suit ဝတ်ထားသည့် သက်တော်စောင့်‌တွေကို တစ်ချက်ရှိုးနေမိရင်း...

!ဒီအိမ်မှာဘာလို့ သက်တော်စောင့်တွေ ဒီလောက်တောင်များနေရတာလဲ။ သူတို့စီးပွားရေးက ဘယ်လောက်တောင်များအောင်မြင်နေလို့လဲ!

မကြည်သလိုကြည့်နေသော အကြည့်များအကြား ကျွန်တော် ကျောင်းဝတ်စုံဖြင့် ခပ်တည်တည်ပဲ အိမ်ထဲကို တစ်လှမ်းချင်းလျှောက်လာခဲ့တယ်။

"အော်‌~ ရောက်လာပြီလား။
  လာ~ နောက်ကလိုက်ခဲ့"

အိမ်ထဲသို့‌ခြေချလိုက်တုန်းရှိသေး လက်တစ်ဖက်တွင်စာရွက်စာတမ်းများ၊ အခြားလက်တစ်ဖက်တွင် ကော်ဖီခွက်ကိုင်ထားကာ အခန်းတစ်ခုတွင်းသို့ဝင်ရန်ပြင်နေသော Phi Chan အားတွေ့လိုက်ရတယ်။ Phi Chan ခေါ်ရာနောက်ကို လိုက်လာရင်း အိမ်အတွင်းအပြင်အဆင်ကို မျက်စိကစားနေမိတဲ့ ကျွန်တော်... ဘယ်လောက်ပဲကြည့်ကြည့် တိတ်ဆိတ်ပြီး ချောက်ချားဖွယ်ကောင်းသော ဒီအိမ်ကိုအသားမကျသေးပေ။

"လာ...အထဲဝင်လာခဲ့"

အစည်းအဝေးခန်းဟုထင်ရသော ပရိုဂျက်တာ (projector) နဲ့ ထိုင်ခုံများ၊ စားပွဲများ အစီအရီရှိနေတဲ့ အခန်းတွင်းသို့ Phi Chan နောက်မှ လိုက်၍ဝင်လိုက်တယ်။

"မင်း လူကြီးတွေကို လေးလေးစားစား ဆက်ဆံရမယ်"

"အော်..ဟုတ်၊ ဝါဒီးခပ်"

(T/N ဝါဒီးခပ်=ဆာဝါဒီးခပ်= မင်္ဂလာပါဗျ)

ဘူးအချို့ကို စား‌ပွဲပေါ်သို့တင်လိုက်ရင်း ပြောလာတဲ့ Phi Chanကို ကျွန်တော် လက်အုပ်ချီကာ သာမန်ကာလျှံကာပဲ နှုတ်ဆက်လိုက်တယ်။ ကျွန်တော် အနည်းငယ်စိုးရိမ်‌နေပြီး နေသားမကျသေးတာမို့ Phi Chan ပြော‌နေတာကို အာရုံမစိုက်နိုင်ဖြစ်နေတယ်။

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz