အခန်း ၂၂။ စိတ်ရှုပ်ထွေးမှုများ

482 30 3
                                    

(T/N-
ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ တစ်ကိုယ်ရည်အာသာဖြေခြင်း(masturbation)အကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။)

Porsche POV

လူတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိကြာကြာချစ်နိုင်မယ်လို့ထင်လဲ။ ၁နှစ်လား၊ ၁ လလား၊ ဒါမှမဟုတ် မိနစ်၊ စက္ကန့်ပိုင်းလောက်ပဲလား။

တော်စမ်း Porsche! အခုအချိန်က အဲ့ဒါတွေတွေးနေရမယ့်အချိန်မဟုတ်ဘူး။ မင်း သူနဲ့ရှိနေတဲ့အချိန်မှာ လုံခြုံတယ်လို့ခံစားနေရတာလေးပဲ... မင်းသူ့ကိုချစ်နေတာမဟုတ်ဘူး!

ကျွန်တော် မဟုတ်တာတွေမစဉ်းစားမိအောင် ကိုယ့်မျက်နှာကိုယ် ရိုက်တော့မယ့်အချိန်မှာပဲ ထွက်ပေါ်လာတဲ့ ဖုန်းသံက ကျွန်တော့်အား အတွေးနွံထဲမှ လှုပ်နှိုးလိုက်တယ်။

[မင်းကျောင်းပျက်ထားတဲ့ရက်တွေက စာတွေနဲ့ ငါတို့ရေးရမယ့် ရီပို့အကြောင်းပို့ထားတယ်။ နည်းနည်းပါးပါးကြည့်လိုက်ဦး။ နောက် ၃ ရက်နေရင် အဲ့ဒီရီပို့က ထပ်ရတော့မှာဆိုတော့...အချိန်ရှိရင် လိုနေတဲ့အချက်တွေ နည်းနည်းလောက်ထပ်ရေးလိုက်ဦး]

"မင်းပို့ထားတဲ့ ရီပို့ကလည်း နေရာလွတ်တွေချန်ထားတာအများကြီးပဲ။ ငါကအကုန်ရေးရမှာလား?"

[စိတ်မပူပါနဲ့... ငါလည်းကူရေးပေးမှာပေါ့။ အကူအညီလိုတဲ့အပိုင်းကျရင် ငါ့ကိုပြောလေ]

"ကျေးဇူးပဲ သားရီးရာ"

ဖုန်းချပြီးနောက် ကျွန်တော့်အာရုံအားလုံးကို စာထဲကိုပဲ နှစ်မြှုပ်ထားလိုက်တယ်။ Tem ကူရေးပေးမယ်ဆိုလို့သာပေါ့.... ကိုယ့်ဟာကိုယ်သာရေးရရင် ဒီတစ်သက် ဒီရီပို့ရေးလို့ပြီးမှာတောင်မဟုတ်ဘူး။

"Hia ကျွန်တော် သူငယ်ချင်းတွေနဲ့အပြင်သွားလိုက်ဦးမယ်"

Chay ပြောသံကြားတော့ ကျွန်တော်ခေါင်းပဲပြန်ညိတ်ပြလိုက်သည်။

ကျွန်တော် ရှေ့မှာရှိတဲ့ စာအုပ်ကိုသာ စိုက်ကြည့်နေပြီး Chay ပြောနေတာကိုတောင် အာရုံ‌မရောက်တော့။ ဒီနေ့က ပိတ်ရက်ဆိုတော့ Chay လည်း နားရက်ရနေတယ်လေ။ ကျွန်တော့်မှာသာ လွတ်သွားတဲ့စာတွေနဲ့ ထပ်ဖို့ဘယ်နှစ်ရက်မှ မကျန်တော့တဲ့ ရီပို့တွေနဲ့လုံးလည်ချာလည်လိုက်နေတာ။ အမှန်တော့ ဒီနေ့ကျွန်တော်အလုပ်လုပ်ရမှာ....။ အဲ့ဒါကို Khun Korn က မပြီးသေးတဲ့ ကျောင်းစာတွေလုပ်လို့ရအောင်ဆိုပြီး ခွင့်တစ်ရက်ပေးထားတာ။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now