အခန်း ၁၇။ နှလုံးသားသတိပေးချက်⚠️

654 29 3
                                    

Porsche POV

"ဟေး..Kinn"

မရည်ရွယ်ဘဲ ထွက်သွားတဲ့ ကျွန်တော့်ရဲ့ အာမေဋိတ် အသံက ငှက်မွေးလိုပဲ နူးညံ့ပြီး တိုးညင်းနေတယ်။

ဒါပေမယ့် ‌အရှေ့က ဘေစင်မှာ ခေါင်းငုံပြီး လက်ဆေးနေသူရဲ့ အာရုံကို ဖမ်းစားလိုက်နိုင်တယ်ထင်ရဲ့...

သူက အလျင်အမြန်ပဲ မှန်ထဲမှတစ်ဆင့် ကျွန်တော့်ကို မော့ကြည့်လာပြီး ..... သူ့နှုတ်ခမ်းဖျားဆီမှ ညစ်ကျယ်ကျယ် အပြုံးပန်းတစ်ပွင့်က ဖြည်းဖြည်းချင်း ပွင့်လန်းလာခဲ့တယ်...

တစ်မိနစ်နီးပါးလောက် ကြက်သေ,သေကာ ရပ်နေပြီးမှ အသိဝင်လာကာ အရင်ဆုံး အကြည့်လွှဲလိုက်တယ်။ စိတ်နဲ့ခန္ဓာကို အတတ်နိုင်ဆုံး စုစည်းပြီး သူ့ဘေးက ဒီအတိုင်း ဖြတ်လျှောက်သွားလိုက်တယ်။ 

ဒါပေမယ့် သူက ကျွန်တော့်လက်မောင်းကို လှမ်းကိုင်လိုက်ပြီး နောက်လက်တစ်ဖက်က ကျွန်တော့်ဆံပင်ကို  မပြင်းလွန်း မလျော့လွန်းသောအားဖြင့်လှမ်းဆွဲလာ‌တာကြောင့် ကျွန်တော့် ခန္ဓာကိုယ်က သူ့ဘက်ကို နောက်ပြန်ရွေ့သွားခဲ့တယ်။

"ကိုယ့်ကို နှုတ်ဆက်သင့်တယ်လို့ မထင်ဘူးလား?"

ကျွန်တော် သူကို ချက်ချင်းတွန်းဖယ်လိုက်ပေမယ့် ကျွန်တော့်ဆံပင်ကိုဆွဲထားတဲ့ သူ့လက်ကတော့ လျော့ကျမသွားခဲ့...

"မင်း ဘာဖြစ်ချင်နေတာလဲ?"

ကျွန်တော် ဘေးတစ်နေရာကို အကြည့်လွှဲရင်းမေးလိုက်တယ်။ သူ့မျက်လုံးကို တည့်တည့်စိုက်ကြည့်ဖို့ အင်အား မရှိဘူးလေ...

သူ့ အနားမှာ‌ရှိနေတာနဲ့ ကျွန်တော့်တစ်ကိုယ်လုံးက အလိုအလျောက် တောင့်တင်းသွားတာက ဘာကြောင့်မျလဲ?

"ဟား.. Porsche ရယ် ...
ကိုယ်က သရဲမဟုတ်ပါဘူးကွာ!
ဘာလို့ အဲ့လောက်ဖြူဖျော့သွားတာလဲ?"

Kinnက ခပ်တိုးတိုးရယ်ရင်း ပြောလာတယ်။ သူ့မျက်နှာပေါ်မှာတော့ ကျွန်တော်သိပ်မုန်းတဲ့ လှောင်ပြုံးတစ်ခု ချိတ်ဆွဲထားတယ်လေ...

"ငါ့သူငယ်ချင်းတွေဆီ ပြန်သွားမလို့"

ကျွန်တော် ထွက်သွားဖို့လုပ်လိုက်ချိန်မှာ သူက ကျွန်တော့်ခါးကို အနောက်မှသိုင်းဖက်လိုက်တာကြောင့်ကျွန်တော့် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့တယ်။

FreeFall (Unicode +Zawgyi) (Completed)Où les histoires vivent. Découvrez maintenant