အခန်း ၃၄။ မေ့လျော့ခြင်း

517 26 5
                                    

Kinn's POV

"အာ့!
အရမ်းနာတာပဲ ဆရာရယ်!"

ဒရာမာတွေ စွတ်ခင်းနေတဲ့ ကျွန်တော့်ရဲ့ အစ်ကို ရှေ့မှာ ထိုင်နေတာက သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်...

ကျွန်တော် မျက်လုံးတွေ မှေးစင်းထားလျက် သူတို့နှစ်ယောက်ရဲ့ အခြေအနေကို အကဲခတ်နေမိတယ်။ ဒီလူ့နာမည်က Dr.Tongဆိုလား? Dr.Top ဆိုလား? အဲ့လို ခေါ်တာတော့ ကြားမိတာပဲ...

ဆေးရုံမသွားချင်ဘူး အိမ်မှာပဲ‌ကုမယ်ဆိုပြီးခေါင်းမာတဲ့ အစ်ကိုတော်က ခေါ်ခိုင်းတော့လဲ ဒီဆရာဝန်မှ ဒီဆရာဝန်ပဲတဲ့!

Porsche ရဲ့ တင်ပါးကို ရေခဲအိတ်ကပ်ပေးနေရင်းအစ်ကိုတော်ရဲ့ လှုပ်ရှားမှုတွေကို တစ်ချက် တစ်ချက် အကဲခတ်ဖို့လည်း မမေ့... ပါးစပ်ကသာ နာတယ်လို့အော်ဟစ်နေပေမယ့် မျက်နှာကတော့ နာနေတဲ့ပုံလုံးဝမပေါက်ဘူး။ တကယ်ကြီး စိတ်ရှုပ်စရာ..သူ ဘာဖြစ်ချင်နေတာလဲ?

"အကုန်လုံး အဆင်ပြေပါတယ်
သိပ် ကြီးကြီးမားမား မထိခိုက်သွားပါဘူး Khun...
အပေါ်ယံ အရေပြား ပွန်းပဲ့ ဒဏ်ရာ နည်းနည်းလောက်ပဲဆိုတော့ ဆရာ အကိုက်ခဲပျောက်ဆေးနဲ့ လိမ်းဆေးတစ်ချို့ပေးခဲ့မယ်..သက်သာသွားမှာပါ"

ကြည့်ကောင်းတဲ့ ရုပ်ရည်နဲ့ ထိုဆရာဝန်က လေသံအေးအေးဖြင့်ပြောလာတယ်။ ဂရုတစိုက်နဲ့ ပျော့ပြောင်းတဲ့ လေသံမျိုးဖြစ်ပေမယ့် မျက်နှာအမူအရာကတော့ ခံစားချက်မရှိသလို ..မျက်နှာသေ‌ဖြင့်...

"ဟုတ်လား ဆရာ၊ ဓာတ်မှန်ရိုက်စရာမလိုဘူးလား
သွေးစစ်တာမျိုးပဲ ဖြစ်‌ဖြစ်လေ..ကျွန်တော်ကတော့ နေလို့မကောင်းသေးဘူးလို့ထင်နေတာပဲ ဆရာရယ်"

ThanKhun တစ်ယောက်ဆိုဖာပေါ်မှ ထထိုင်လိုက်ပြီး မျက်နှာကိုလည်း ဆရာဝန်အနားသို့ နီးနီးကပ်ကပ်တိုးကပ်‌သွားတယ်။

"စစ်ဆရာ မလိုပါဘူး! Khun...
အကုန်အဆင်ပြေပါတယ်"

ဆရာဝန်က ‌တည်တည်ငြိမ်ငြိမ်ပြန်ဖြေလိုက်ပြီး stethoscope(ဆရာဝန်နားကျပ်)ကို အိတ်ထဲ ပြန်ထည့်ပြီး တစ်ခြား ပစ္စည်းများကို သိမ်းဆည်းနေတယ်။

"ဒါပေမယ့် ခေါင်းထဲမှာလည်း မူးနောက်နောက်နဲ့ အန်ချင်နေသလိုပဲနော် အော့!"

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now