Final-နောက်ဆုံးဇာတ်လမ်း (အတွဲ-၁)

369 14 0
                                    

Porsche POV

"ငါ့မှာ ရွေးချယ်စရာမရှိဘူး Kinn"

"မဟုတ်ဘူး! မင်း သူ့ကို လုံးဝ မယုံကြည့်သင့်ဘူး...
မင်း ယုံကြည်ဖို့ ရွေးချယ်လိုက်တဲ့သူက မင်းကို အန္တရာယ်တွင်းထဲ ဆွဲချခဲ့တဲ့သူကွ!"

"Vegas က ဘာဖြစ်တယ်?!!"

သေစေနိုင်တဲ့ အကြည့်မျိုးနဲ့ သူ့မျက်လုံးတွေထဲကို စူးစူးရဲရဲစိုက်ကြည့်ရင်း မေးလိုက်တယ်။

"မင်းကိုယ်တိုင်က ငါ့ကို ဘာမှ မပြောပြခဲ့တာ...
ငါက ဘယ်လိုလုပ် သိနိုင်မှာလဲ?"

စကားလုံး တစ်လုံးချင်းစီကို အသံဖိပြီးပြောရင်း ကျွန်တော့်ရဲ့ မကျေနပ်မှုတွေကို တိုက်ရိုက်ထုတ်ပြလိုက်တယ်။ မျက်ရည်စများကြောင့် ဝေဝါးနေတဲ့ အမြင်အာရုံကြားမှာ သူ့ကို ရှင်းရှင်းလင်းလင်း မမြင်ရတော့...

"ဒီလောက်တောင် သိချင်နေလားဟမ်..
တကယ်ကြီး သိချင်တာလား!!!?"

သားကောင်ကို ခုန်အုပ်တော့မယ့် သားရဲတစ်ကောင်လိုမျိုး Kinnက ရှေ့တိုးလာတယ်။ သူ့မျက်လုံးထဲမှာ ဒေါသအခိုးအငွေ့တို့ အရှိန်ပြင်းပြင်း တောက်လောင်နေလျက်...

"ငါ့ကို အခုပြောလို့!!!"

ထိတ်လန့်မှုကို ဖုံးကွယ်ဖို့ သူ့ထက်မလျော့တဲ့ လေသံဖြင့် ကျွန်တော်ပြန်အော်လိုက်တယ်။ Kinnရဲ့ ဒီပုံစံကို ကျွန်တော် အကြောက်ဆုံးပဲ...ဆူပွက်နေတဲ့ဒေါသကြောင့် အထိန်းအကွပ်မဲ့ ရူးနှမ်းနေတဲ့ လူတစ်ယောက်လိုပုံစံမျိုး..

သူ့ဆီက အမှန်တရားကိုပဲ လိုချင်ခဲ့တာ..အဲ့ဒီအမှန်တရားက ကျွန်တော့်ကို ထိခိုက်နာကျင်စေမယ်ဆိုရင်တောင်မှပေါ့...အခုတော့ ကျွန်တော် လက်လျော့လိုက်ပြီ..Kinnကို ကျွန်တော် လက်လျော့လိုက်ပြီ။

"မင်းကို မပြောပြခဲ့ဘူးဆိုတာ..မင်း စိတ်ထိခိုက်သွားမှာစိုးလို့..မင်း ခံနိုင်ရည်ရှိပါ့မလားဆိုတာ ကိုယ်မသိသလို...မင်း ထပ်ပြီး နာကျင်ရမှာကိုလည်း မလိုလားဘူး။ ဒါပေမယ့် မင်းကတော့ ကိုယ်ဘယ်လောက် သတိပေးပေး နားမဝင်ခဲ့ဘူး Porsche။ အခု မင်းသိပ်လိုချင်တဲ့ အမှန်တရားကို ပြောပြမယ်။ ဟိုတယ်မှာ မင်းကို ဆေးခပ်ခဲ့တဲ့ သူက Vegas ပဲ...သူက စောက်ကျင့်မကောင်းတဲ့ကောင်..Fuck!"

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now