အခန်း ၃၇။ ပြန်လာပြီ

409 20 0
                                    

Porsche POV

"Pete!!"

Peteနာမည်ကို တပြီး ငိုကြွေးနေတဲ့ ThanKhunရဲ့ ငိုသံနဲ့ အတူ မီးခိုးငွေ့တွေက ခြံဝင်းတစ်ခုလုံး ပျံ့နှံ့နေလျက်.....

လိုအပ်တဲ့ စာရွက်စာတမ်းတွေပြင်ဆင်ပြီးနောက်.. Peteရဲ့ ရုပ်အလောင်းကို နေ့လယ်က မီးသင်္ဂြိုဟ်ခဲ့ပြီးပြီ။ ThanKhunတစ်ယောက် မြေကြီးပေါ် ဒူးထောက်ပြီး အော်ဟစ်ငိုကြွေးနေတဲ့ ပုံရိပ်က ကျွန်တော့်ကို မျက်ရည်မဆည်နိုင် ဖြစ်စေတယ်။ ThanKhunရဲ့ နာကျင်မှုကို ကျွန်တော် တကယ် ကိုယ်ချင်းစာမိတယ်။

Peteနဲ့ အချိန်အကြာကြီး အနားမှာ ရှိခဲ့တဲ့သူ အခုချိန်မှာ ဘယ်လောက်ထိ ဖြေမဆည်နိုင်ဖြစ်နေလိမ့်မလဲ? သူတို့က နေ့ရက်တိုင်းနီးပါး တစ်နေ့ကို နှစ်ဆယ့်လေးနာရီလုံးလုံး အတူရှိနေခဲ့ကြဖူးတယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးလူတစ်ယောက်က ဘယ်တော့မှ ပြန်မလာနိုင်မယ့်လမ်းကို ထွက်ခွာသွားတဲ့ ခံစားချက်မျိုးက လက်ခံဖို့ အတော်လေး ခဲယဉ်းမှာပဲ!

ကျွန်တော်တို့  Peteရဲ့ အဘိုးနဲ့ အဘွားကို
ချမ်ဖွန်ကို ပြန်ပို့ခဲ့ပြီး သူတို့ဆီ Peteရဲ့ အရိုးပြာကို ယူလာပေးမယ့်အကြောင်း ကတိပေးခဲ့တယ်။

"မနေ့က ငါ အိမ်သော့နဲ့ ကားသော့ကို မီးရှို့ပေးဖို့ မေ့သွားတယ်!"

ဒီနေ့က ပိုကြမ်းသွားပြီ။ မီးရှို့မယ့် စတီး လောင်စာ သံပုံးနှစ်ပုံးက ခြံထဲမှာ အဆင့်သင့်။ Pete အတွက် ပစ္စည်းအစုံ မပါသွားမှာကို အစိုးရိမ်လွန်နေတဲ့ ThanKhunက ဒီနေ့လည်း ပစ္စည်းတွေ မီးရှို့ပေးဦးမှာတဲ့....

"ဟိုကောင် အဲ့တာ ဘာထပ်လုပ်ဦးမလို့လဲ? မနေ့ကလည်း လုပ်ပြီးသွားပြီ မဟုတ်လား...နေ့တိုင်းမီးရှို့ပေးစရာမှ မလိုတာ..တော်သင့်ပြီလေ!"

Khun Korn က စိတ်ပျက်လက်ပျက်ဖြင့် ကြိမ်းမောင်းနေတော့တယ်။

"ဟာ...ပါးကလဲ!!
မနေ့က အိမ်သော့ပေးဖို့ မေ့သွားလို့ပါဆို သော့မရှိဘဲနဲ့ Peteက အိမ်ထဲကို ဘယ်လိုဝင်မလဲ?"

ခေါင်းတခါခါဖြင့် ညည်းတွားနေတဲ့ အဖေလုပ်သူကို ThanKhunက အချက်ကျကျ ပြန်ချေပတယ်။

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora