အခန်း ၄။ အကျပ်ကိုင်ခြင်း

517 30 2
                                    

Porsche POV

ဆိုင်ကယ်အနောက်မှာ ထိုလူကိုတင်ထားရင်း ကျွန်တော် ဖြေးဖြေးမှန်မှန်မောင်းနေခဲ့တယ်။ သူ့ကိုကြည့်ရတာ တရားစီရင်ခံရတော့မယ့် အကျဉ်းသားလိုမျိုး စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေပုံပဲ...

သူဆိုတာက ကျွန်တော့် ဦးလေ "AThi" ပါ။ ဒီနေ့ ကျွန်တော့်ကို ရုတ်တရတ်ဖုန်းခေါ်ပြီး သူ့ကို လာကြိုဖို့ အကူအညီတောင်းလာတယ်။ ဒါပေမယ့် သူ့ကို အိမ်ခေါ်သွား‌ပါ ဆိုတဲ့စကားကလွဲပြီး ဘာမှမပြောသလို၊ ကျွန်တော် ဘာမေးမေးလည်း ပြန်မဖြေဘူး။

"အရင် ဆင်းလိုက်။"

ကျွန်တော် လေသံတိုးတိုးဖြင့် ပြောလိုက်သောကြောင့် ဆိုင်ကယ်ပေါ်ကဆင်းပြီးတာနဲ့ ကျွန်တော့်ကို နားမလည်သလိုကြည့်နေတယ်။

ကျွန်တော်လည်း ဆိုင်ကယ်သော့ကို ဆွဲနှုတ်လိုက်ပြီး အိမ်နောက်ဘက် မြေနေရာလွတ်ဆီသို့ ဆိုင်ကယ်ကို ဖြေးဖြေးချင်း တွန်းသွားလိုက်တယ်။ ပြီးတာနဲ့ အိမ်ခြံစည်းရိုးကို ကျော်တက်လိုက်တယ်။

ကျွန်တော့်လှုပ်ရှားမှု မှန်သမျှကို မျက်မှောင်ကျုံ့ ပြီးကြည့်နေတဲ့ဦးလေးက မနေနိုင်တော့ဘဲ မေးလာတယ်။

"မင်း ဘာတွေလုပ်နေတာလဲ။"

"ရှူး!!! တိုးတိုး လုပ်ပါဗျာ။ မြန်မြန်ကျော်တက်လာခဲ့လေ။ ဘာလုပ်နေတာလဲ။"

ကျွန်တော် ခြံစည်းရိုးပေါ်မှ ခြံထဲကို လှလှပပ ခုန်ဆင်းလိုက်ရင်း လှမ်းပြောလိုက်မှ ဦးလေးလည်း ခြံစည်းရိုးကို ကျော်တက်လာတော့တယ်။

"ကိုယ့်အိမ်ထဲကိုယ် ဝင်တာကို ဘာလို့ခိုးကြောင်ခိုးဝှက် လုပ်နေတာလဲ ဟေ့ကောင်ရ!"

ကျွန်တော်ပြန်ဖြေဖို့ အာရုံမရသေးဘဲ ဘယ်,ညာ တစ်ချက်ကြည့်လိုက်ပြီး အိမ်အနောက်တံခါးကို အသံမမြည်အောင် ဖြေးဖြေးချင်းဖွင့်လိုက်သည်။

"ဟူးးးးးးးးဒီတစ်ရက်လည်း အသက် ဆက်ရှင်‌အောင် လုပ်နိုင်ခဲ့ပြီ။"

ကျွန်တော် သက်ပြင်းချလိုက်ပြီး နောက်ကိုလှည့်ကြည့်လိုက်တော့ မီးခလုတ်ဖွင့်ဖို့ လုပ်နေတဲ့ ဦးလေးကို အမြန်တားဆီးလိုက်ရတယ်။

FreeFall (Unicode +Zawgyi) (Completed)Tahanan ng mga kuwento. Tumuklas ngayon