အခန်း ၈။ မေ့လျော့ခြင်း

370 24 0
                                    

Porsche POV

ရေးကူးနေတဲ့အရှိန်ကို သတ်လိုက်ပြီး ကန်ဘောင်ကို ဆုတ်ကိုင်ထားရင်း ကျွန်တော် မျက်မှောင်ကြုပ်နေမိတယ်။ ကျွန်တော့်ခေါင်းထဲမှာ အကြောင်းအရာ တစ်ခုက တစ်ချိန်လုံးနှောက်ယှက်နေတာကြောင့် ဒီနေ့ရေကူးလေ့ကျင့်တာကိုတောင် ကောင်းကောင်း မလုပ်နိုင်ဘူး။ အခု ကျွန်တော့်အခြေအနေက ဘာနဲ့တူနေလဲဆိုရင် ရေနက်ထဲကို ဒိုင်ဗင်ခုန်ဆင်းမိပြီး ဟိုးရေအောက် ကြမ်းပြင်ထိ တဖြည်းဖြည်းနစ်ဝင်သွားတော့မယ့်ပုံစံမျိုး။ ဒီအခြေအနေကြီးကနေ ကျွန်တော် ရှင်သန်လွတ်မြောက်နိုင်ပါ့မလား။

မနေ့ညက မရည်ရွယ်ပဲ သတ်ခဲ့မိတဲ့ ငါးတွေ အကြောင်းကိုပဲ တစ်ချိန်လုံးစဉ်းစားနေမိတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော့်ဆီမှာ ဖြစ်လာမယ့် အကျိုးဆက်ကို တွေးတောင်းမတွေးရဲဘူး။ ကျွန်တော် အလုပ်ထဲမှာ ဘာပြဿနာမှ မကြုံချင်တာ အမှန်ပါဗျာ။

ကျွန်တော့်စနက်နဲ့ သေသွားတဲ့ အလှမွေးငါးနှစ်ကောင်(Koi fish)* အကြောင်း စဉ်စားမိလိုက်ချိန်မှာ ကိုယ့်ကိုယ်ကိုယ်ပဲ ရေနှစ်သတ်ပစ်လိုက်ချင်တော့တယ်။ အဲ့နှစ်ကောင်ကိုက အရမ်း နုရွလွန်းတာပါဗျာ။‌
'သေး' မဆိုသလောက်လေး ကန်ထဲဝင်တာကို သေသွားစရာလား။

(T/N - Koi fishက ငါကြင်းမျိုးနွယ်ဝင်ပါ။ ကိုယ်ပေါ်က အရောင်ပုံစံပေါ်လိုက်ပြီး ငါးတန်ဖိုးကလည်း တစ်ကောင်နဲ့တစ်ကောင်မတူပါဘူး။
Koiရဲ့ အဓိပ္ပာယ်က ဂျပန်လို ချစ်ခြင်းမေတ္တာ၊တွယ်တာခြင်းပါ။ကံကောင်းစေတယ်။ညံ့တဲ့ကံ‌တွေကို ဖယ်ရှာပေးနိုင်တယ်။ နှစ်ကောင်မွေးထားရင် ဘဝကို ဟန်ချက်ညီညီ ထိန်းပေးနိုင်တယ် လို့ ဆိုကြတယ်။ )

"နေပါဦး ဒီမျက်နှာက ဘာဖြစ်နေတာလဲ?"

Temက ကျွန်တော်အနားကို ရေကူးလာပြီး မေးတယ်။ ရေကူးကန်အပေါ်ကနေ ကျွန်တော်တို့ကို စောင့်ကြည့်ပေးနေတဲ့ Jomက ကျွန်တော်တို့ဘက်ကို လမ်းလျှောက်လာတယ်။

နှစ်ယောက်လုံးက ကျွန်တော့်ကို စူးစမ်းသလိုကြည့်ရင်း ကျွန်တော့်ဆီက အဖြေကို စောင့်နေကြတယ်။ Jomရဲ့ ဒဏ်ရာတွေက သိပ်မသက်သာသေးတာကြောင့် ဒီနေ့ ရေကူးလေ့ကျင့်လို့မရသေးဘူး။ အဲ့တာကြောင့် ကျွန်တော့်တို့ လေ့ကျင့်နေတုန်းမှာ သူကစာတမ်းပဲ ထိုင်ရေးနေရတယ်။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now