အခန်း ၂၄။ အတွေးလွန်ခြင်း⚠️

835 34 0
                                    

*** သတိပေးချက်****

ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ လိင်ဆက်ဆံခြင်းအကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။

Porsche POV

"ဟာ! ဘောပဲ Time!...
-ီးမို့ ငါ့နောက်ကို တက်မလာတာလား..
ဟိုကောင်တွေ tower ဆီရောက်နေပြီ.!"

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဂိမ်းဆော့နေတဲ့ Kinnရဲ့ ဆူဆူညံညံ အော်ဆဲသံက ကြီးစိုးနေလျက်...
ကျွန်တော် စိတ်ရှုပ်နေပေမယ့်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်ကာ စာရွက်စာတမ်းတွေကို စားပွဲပေါ်မှာ စီရရီ ပြန်စီနေတယ်။

Kinnကတော့ ကွန်ပျူတာရှေ့မှာ စိတ်ရောကိုယ်ပါ နှစ်ကာ ဂိမ်းဆော့နေဆဲ... Mouseနဲ့ Keyboard ပေါ်ရှိလက်တို့က Pro Gamer တစ်ယောက်လို သွက်လက်စွာ လှုပ်ရှားနေလျက်...

အခန်းထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်းရှိတဲ့ အချိန်တိုင်းမှာ Kinn ရဲ့ လွတ်လပ်ပေါ့ပါးပြီးရူးကြောင်ကြောင်ပုံစံမျိုးကို မြင်ရပေမယ့် တစ်ခြားတစ်ယောက်ရှိနေချိန်မှာတော့ သူက ချက်ချင်းကို ရုပ်တည်ကြီးဖြစ်သွားတော့တာပဲ..

ကျွန်တော် Kinnနဲ့ အချိန်ဖြုန်းနေတာ တစ်ပတ်နီးပါးရှိနေပြီ။ အရင်ကထက်စာရင် တစ်ယောက်အကြောင်းတစ်ယောက်လည်း ပိုသိလာတယ်။ Kinnတစ်ယောက် လူရှေ့မှာရှိတဲ့အချိန်နဲ့ တစ်ယောက်တည်းနေတဲ့အချိန် မတူညီတဲ့ မျက်နှာနှစ်ခုရှိတယ်ဆိုတာလည်း သိမြင်လာခဲ့ပြီ။

"ဒေါက်..! ဒေါက်..!"

တံခါးခေါက်သံအဆုံးမှာ အခန်းတံခါးက ဖြေးဖြေးချင်း ပွင့်လာပြီး သက်တော်စောင့် တစ်ယောက်က အခန်းထဲကို ဝင်လာခဲ့တယ်။

"နောက်နှစ်ရက်နေရင် Bank accountနဲ့ ရုံးကို စစ်ဆေးဖို့ သွားရပါမယ်.. ကျွန်တော်
Khun Kinn ကို သတိလာပေးတာပါ ခင်ဗျ!"

Kinnက တည်တည်ကြည်ကြည်ပဲ ခေါင်းညိတ်ပြလိုက်တယ်။

အခန်းထဲမှ ပြန်မထွက်ခင် သက်တော်စောင့်တွေ ကျွန်တော့်ကို မကျေမနပ်စိုက်ကြည့်သွားသေးတယ်။ ကျွန်တော် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး အခန်းတံခါးမပိတ်ခင်အထိ ပြန်စိုက်ကြည့်ပေးလိုက်တယ်။

FreeFall (Unicode +Zawgyi) (Completed)Hikayelerin yaşadığı yer. Şimdi keşfedin