*** သတိပေးချက် ***
ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ လိင်ဆက်ဆံခြင်း စသည့်အကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။
Kinn's POV
"ချီးပဲ!
ဒီအခြေအနေကြီးမှာ ဘယ်လိုစိတ်နဲ့ Porn တွေ လာကြည့်နေတာလဲ Kinn!"Porsche က အလန့်တကြားမေးလာတယ်။
"Shia!!"
"ဘာလို့ဆဲနေတာလဲ?!"
ကျွန်တော်တို့ နှစ်ယောက်လုံး ဘာစကားမှ မပြောနိုင်တော့ဘဲ ဖုန်းscreen ပေါ်မှာ ပြသနေတဲ့ vedio ကိုသာ အံ့ဩတကြီး စိုက်ကြည့်နေကြတယ်။
အိပ်ယာထက်တွင်အဝတ်ဗလာကျင်းလျက် စိတ်အားထက်သန်စွာဖြင့် လူးလှိမ့်ကာ ချစ်ကျွမ်းဝင်နေကြတဲ့ Tawanနဲ့ Vegas တို့ ရဲ့ ပုံရိပ်များ...Tawanနဲ့ တစ်ခြားတစ်ယောက်ဆိုရင်တောင် ထဆဲရလောက်အောင်ထိ အံဩမိလိမ့်မည်မဟုတ်...အခုတော့ Vegas နဲ့တဲ့လား... ကျွန်တော် မမျှော်လင့်ထားဆုံးလူပဲ..
Tawanအပေါ် ဘာခံစားချက်မှ မရှိတော့ပေမယ့် ဒီလိုဗီဒီယိုမျိုးကို မြင်ရတာတော့ မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသလိုပဲ။ သစ္စာဖောက်ခံရတဲ့ ခံစာချက်မျိုး... 'အရင်းနှီးဆုံးလူတွေကပဲ နောက်ကျောကို ဓားနဲ့ ထိုးတာ'ဆိုတဲ့ စကားက တကယ်မှန်တာရော...
"Fuck! Vegas က အန္တရာယ်ကောင်ပဲ!"
Porsche က ဖုန်းscreenပေါ်မှ အကြည့်မလွှဲပဲ ပြောလာတယ်။
"အဲ့တာကြောင့် ကိုယ်ပြောတာပေါ့!
သူနဲ့ နီးနီးကပ်ကပ်မနေနဲ့လို့!"Porsche နဲ့ ဒီအန္တရာယ်ကောင်Vegas တို့ ရင်းနှီးခဲ့တဲ့ အကြောင်းကို တွေးလိုက်မိပြီးနောက် ဒေါသထွက်လာပြီး အော်လိုက်မိတယ်။
"ငါက ဘယ်လိုလုပ်သိမှာလဲ?
ဒီတစ်ခုကိုလည်း ဖွင့်ကြည့်ဦး!"Porsche က ကျွန်တော်အော်လိုက်တာကို စိတ်အနှောက်အယှက်မဖြစ်ဘဲ... Peteထပ်ပို့လာတဲ့ နောက် ဖိုင်တစ်ခုကို ဖွင့်ကြည့်ဖို့ဆော်ဩတယ်။
![](https://img.wattpad.com/cover/341236727-288-k395176.jpg)
YOU ARE READING
FreeFall (Unicode +Zawgyi) (Completed)
ActionThis is a fan translation of KP novel.........