အခန်း ၃။ အမဲလိုက်ခြင်း

634 33 0
                                    

Kinn's POV

ကျွန်တော်မှန်ရှေ့မှာရပ်လိုက်ရင်း လည်ပင်းပေါ်က
သွေးစို့နေတဲ့ သွားကိုက်ရာကို ကြည့်နေမိတယ်။
ကိုက်ရာပတ်လည်ရှိ အရေပြားမှာ ညိုမဲ‌ကာ မြင်မကောင်းရှုမကောင်း...

ကျွန်တော့်ရဲ့ သက်တော်စောင့် တစ်ယောက်ဖြစ်သော Big က အနာကို အရက်ပြန်၊ဂွမ်းတို့ဖြင့် သန့်ရှင်းရေးလုပ်ပေးနေရင်း မကျေမနပ် တတွတ်တွတ် ပြောနေတော့တယ်။

" Khun Kinn, ဒီလိုကောင်မျိုးကို တကယ်ကြီး
သက်တော်စောင့် ခန့်မလို့လား?"

"ဘာဖြစ်လို့လဲ?"

ကျွန်တော် မေးလိုက်တော့ Big က ကျွန်တော့် အနာကိုကြည့်ရင်း သက်ပြင်းချလိုက်တယ်။

"အဲ့ကောင်က Khun Kinnကို ဒီလိုဒဏ်ရာ ဖြစ်အောင်လုပ်ထားတာလေ။ ကျွန်တော် ကတိပေးတယ်! မနက်ဖြန် သူ့ကို  Khun Kinn အတွက် လက်စားပြန်ချေပေးမယ်"

"တော်ပြီ... ဘာမှ လျှောက်မလုပ်နဲ့။
ကိုယ့်သေ‌တွင်း ကိုယ်တူးသလိုပဲ။
ငါ့အဖေ မင်းကို အရင်သတ်လိမ့်မယ်"

ကျွန်တော် မျက်နှာတည်တည်နှင့် တားလိုက်တော့...

"ကျွန်တော် အဲ့စောက်ကောင် လုပ်ရပ်တွေ ပြန်တွေးမိတိုင်း သေအောင်ဒေါသထွက်တာပဲ ။ Khun Kinnကို လမ်းမပေါ်မှာ ဖြစ်သလို ဒီအတိုင်းထားခဲ့တာ နှစ်ခါ။ အဆိုးဆုံးကတော့ ဒီကောင် ဘယ်လိုသတ္တိမျိုးနဲ့ Khun Kinn လည်ပင်းကို ကိုက်ရဲရတာလဲ။ Khun Kinn ကရော ဘာလို့ အဲ့ကောင် လုပ်သမျှ ငြိမ်ခံနေတာလဲ။"

Bigက မကျေနပ်နိုင်သေးပဲ ဗျစ်တောက်ဗျစ်တောက်ပြောနေတယ်။ ကျွန်တော် ဘာမှပြန်မပြောဘဲ
စူးစိုက်ကြည့်ပေးလိုက်တော့မှပဲ ပါးစပ်ပိတ်ပြီး အနာဆေးထည့်တဲ့အလုပ်ကိုပဲ အာရုံစိုက် လုပ်တော့တယ်။

အမှန်တိုင်းပြောရရင် ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုကောင်မျိုးကို ကျွန်တော့် သက်တော်စောင့် မဖြစ်စေချင်ပါဘူး။ သူ့လိုလူမျိုးက ပိုက်ဆံ တစ်မျက်နှာပဲကြည့်ပြီး လိုချင်တာ ရပြီးရင် တစ်ခြားသူအ‌တွက် တစ်ချက်တောင့် ငဲ့ကြည့်ပေးမှာမဟုတ်ဘူး။ သစ္စာစောင့်သိဖို့မပြောနဲ့ တစ်ဖက်က တစ်ခုခုနဲ့ မျှားခေါ်လိုက်တာနဲ့ ချက်ချင်း သစ္စာဖောက်သွားနိုင်တဲ့သူမျိုး။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now