အခန်း ၃၈။ ရှာဖွေခြင်း

253 13 0
                                    

Porsche POV

"ဘုန်းကြီးကျောင်းသွားပြီး ကုသိုလ်ယူပြီးတာတောင်မှ စိတ်မကြည်သေးဘူးလား ဟင် Pete!"

သူ့လက်မောင်းကို ဆုပ်ကိုင်ထားတဲ့ Peteရဲ့လက်ကို ဖယ်ချလိုက်ရင်း Armကပြောတယ်။

ဒီနေ့ Phi Yokရဲ့ ဆိုင်ကို မလာခင် Peteအတွက် အညံ့တွေပျောက်စေဖို့ ဘုန်းကြီး‌ကျောင်းမှာ တရားနာပြီး ကုသိုလ်ကောင်းမှုလုပ်ပေးခဲ့တယ်။ မိသားစုငယ်အိမ်တော်က လွတ်မြောက်လာကတည်းက Pete တစ်ယောက် စိတ်နဲ့ကိုယ်နဲ့ မကပ်သလိုဖြစ်နေခဲ့တာ... တစ်ခုခုကို အလွန်အမင်း စိုးရိမ်ကြောင့်ကြနေသလို..ရုတ်တရက်ထွက်လာတဲ့ အသံတစ်သံကတောင် သူ့ကို ကြောက်ရွံ့ထိတ်လန့်သွားစေတယ်။

မင်း ငါ့သူငယ်ချင်းကို ဘာတွေလုပ်ခဲ့တာလဲ, Vegas?!

"ဒီည ငါတို့ ပျော်ဖို့ရောက်လာတာနော်..အဲ့တာကြောင့် စိတ်ညစ်စေမယ့် အရာတွေကို ခဏ ဘေးဖယ်ထားပြီး အပြတ်သာ ကဲကြ! Peteသောက်ချင်တာသာ မှာ..ဒီည ဘယ်လောက်ကုန်ကုန် ငါရှင်းမှာ!"

ThanKhun က Peteလည်ပင်းကို ဖက်လိုက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းကာ တက်တက်ကြွကြွပြောလာတယ်။

"မင်းပြောတော့ ဒီနေရာတစ်ခုလုံးကို Booking လုပ်ထားတယ်ဆို..ငါ ဘာလို့ လူစိမ်းတွေကို တွေ့နေရတာလဲ?"

Kimက လက်ပိုက်ကာ ဆိုင်အပြင်ကနေ မြင်နေရတဲ့ ‌ဘားကောင်တာရှေ့ကို မေးငေါ့ပြရင်း ပြောတယ်။

"ဟင် ဘယ်ကလူတွေလဲ?"

ThanKhun က Kimကြည့်နေတဲ့ နေရာကို လိုက်ကြည့်ပြီး တစ်ခြား ကာစတန်မာတွေကို မြင်တာနဲ့ ဒေါသပုန်ထပြီး သောင်းကျန်းတော့တယ်။

"ဟေး! အဲ့ဒီလူတွေကို ငါ့ရဲ့ရှေ့က ဆွဲထုတ်သွားကြစမ်း!"

"စိတ်လျော့စမ်း ThanKhun!
မင်းပျော်ဖို့အတွက်နဲ့ တစ်ခြားသူတွေအပေါ်ကို ရိုင်းစိုင်းလို့မရဘူးလေ"

Kinnက သူ့အစ်ကိုရဲ့ အပြုအမူကြောင့် ခေါင်းတခါခါဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေပြီ။

"ဟိုကောင် Porsche!!
ငါမင်းကို တစ်ဆိုင်လုံး ငှားခိုင်းထားတာလေ...
အခု ဒါတွေက ဘာလဲ?!!"

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now