အခန်း ၂၁။ တုန်လှုပ်မှု

508 24 0
                                    

Porsche POV

ဆူဆူညံညံ အသံတွေကြောင့် နိုးလာခဲ့ပေမယ့် မျက်လုံးဖွင့်ဖို့ ပျင်းရိလွန်းတာကြောင့် ကျွန်တော့် မျက်နှာကို ဘေးက အနွေးဓာတ်လေးဆီ နစ်မြုပ်နေအောင် တိုးဝင်လိုက်တယ်။ ယောက်ျားဆန်တဲ့ကိုယ်သင်းရနံ့နှင့် နွေးထွေးလွန်းတဲ့အရေပြား အထိအတွေ့က ကျွန်တော့်ကို ပြန်အိပ်ပျော်စေဖို့ ချော့သိပ်နေသယောင်....

"Porsche ~~~Porsche"

ခပ်တိုးတိုးခေါ်သံရဲ့ အဆုံးမှာ လက်မောင်းကိုငြင်ငြင်သာသာ ပုတ်ခတ်နေတာက ကျွန်တော့်ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်။ မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လိုက်ပြီး ကျွန်တော့်ရဲ့ အိပ်စက်ချင်းအားနှောက်ယှက်ရဲတဲ့ သကောင့်သားကို ကြည့်ဖို့ကြိုးစားလိုက်တယ်။

"ဘာလဲ~~?!"

ဝေဝါးနေတဲ့ အမြင်အာရုံကို ချိန်ညှိဖို့ကြိုးစားရင်း ရှေ့က လှုပ်နှိုးနေသူကို ဗလုံးဗထွေးပြန်မေးလိုက်တယ်။
ညက ဘယ်နေရာမှာ အိပ်ခဲ့သလဲဆိုတာကို လုံးဝ မေ့လျော့နေခဲ့ပြီး ပြန်ပြီးအိပ်စက်ချင်စိတ် တစ်ခုကသာ ကြီးစိုးနေလျက်....

Kinnက ကျွန်တော့်ကို ဖက်ထားရာမှ လွှတ်လိုက်ပြီး ခေါင်းနောက်ကို လက်ခုကာ ပြီတီတီ စိုက်ကြည့်နေတာကြောင့်....

"ငါ-ိုး!"

ကျွန်တော် အလန့်တကြားဖြင့် ထထိုင်လိုက်တော့
Kinnက  သူ့လက်မောင်းကို လှုပ်ခါနေတယ်။ အဲ့ဒီပေါ်မှာ ကျွန်တော် တစ်ညလုံး ခေါင်းအုံးအိပ်ခဲ့တာလေ...

"အော်! မင်းတို့ အလုပ်များနေပုံပဲ!
ငါတို့ နောက်မှ ပြန်လာခဲ့လိုက်မယ်လေ!"

တံခါးဝဆီက ထွက်လာတဲ့ စကားသံအဆုံးမှာ ရှော့ခ်ရကာ မှင်သက်နေကြသည့် Time,Tae, Mewနဲ့ Peteတို့ကို တွေ့လိုက်ရတယ်။

"အဟင်း!"

Kinnဆီကထွက်လာတဲ့ ခပ်တိုးတိုးရယ်သံအဆုံးမှာတော့ ကျွန်တော် အိပ်ရာပေါ်မှ အလျင်စလို ခုန်ချလိုက်မိတယ်။

ရှက်စိတ်ကြောင့် မျက်နှာတစ်ခုလုံး ထူပူနေပြီး ဘယ်သူနဲ့မှ မျက်လုံးချင်းစုံအောင် မကြည့်ရဲ့တာမို့ ခေါင်းကိုသာတွင်တွင် ငုံ့ထားမိနေဆဲ... ကျွန်တော် တံခါးဝဆီ ခပ်မြန်မြန်လျှောက်သွားချိန် အကုန်လုံးရဲ့ မျက်လုံးတွေက ကျွန်တော်နဲ့ Kinnထံသို့ တလှည့်စီ ဇဝေဇဝါဖြင့်ကြည့်နေကြတယ်။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now