အခန်း ၁၄။ အနှောက်အယှက်

400 26 0
                                    

Porsche POV

ကျွန်တော်နဲ့ Peteတို့ ညလုံးပေါက်နီးပါး Game ဆော့ခဲ့ကြတယ်။ Chayကတော့ ကျွန်တော့်ကိုပဲနားလည်သွားလို့လား ဒါမှမဟုတ် ငြင်းခုံရတာကိုပဲ စိတ်ပျက်သွားလို့လား မသိပေမယ့် အလုပ်ထွက်ဖို့အကြောင်းကို ထပ် ဟမလာတော့ .....

သူ့ကျွန်တော့်ကို နားလည်နိုင်ဖို့ပဲ မျှော်လင့်မိပါတယ်။ ကျွန်တော်လုပ်နေတာတွေအားလုံးက သူ့အတွက်ပဲမဟုတ်လား.......

~~~~~~~~

တက္ကသိုလ်၌

"မင်းတို့ကောင်တွေ ဘတ်စကတ်ဘော ကစားမှာလားတဲ့ P'Ohmက မေးနေတယ်?"

ကျွန်တော်တို့သုံးယောက် အတန်းချိန်ပြီး၍ recreation center (RC) ထဲမှာ ဝေလေလေလုပ်နေကြချိန်....

"ငါ မပါတော့ဘူး။ မနက်ဖြန် ရေကူးလေ့ကျင့်ဖို့ရှိလို့ စွမ်းအင်ချွေတာရမယ်..."

Temက ခေါင်းခါပြီး ငြင်းတယ်။ ရေကူးအားကစားအတွက် ကျောင်းကိုယ်စားပြုအဖြစ် အရွေးချယ်ခံရပြီးနောက်ပိုင်း Temတစ်ယောက် အချိန်ပြည့် ရေကူးလေ့ကျင့် နေတော့တာပဲ။ ကျွန်တော်ကတော့ လေ့ကျင့်ဖို့အချိန်သိပ်မရှိတဲ့အတွက် ရေကူးအသင်းရဲ့ အရံလူစာရင်းမှာပဲပေါ့.......

"မနက်ဖြန်ငါလည်း ဘောလုံးကစားဖို့ရှိတယ်လေ..... Porsche မင်းလည်း ဂျူဒိုလေ့ကျင့်ဖို့ရှိတယ်မှတ်လား?"

Jomက မေးလာတယ်။

"မနက်ဖြန်လား ငါက အိပ်ဖို့ရှိတယ်လေ"

အမှန်တော့ ကျွန်တော်က ဂျူဒိုပြိုင်ပွဲအတွက် အဓိကလေ့ကျင့်ရမှာ။ ခုရက်ပိုင်း ပြိုင်ပွဲအတွက်လေ့ကျင့်ဖို့ကို ဝေ့လည်ကြောင်ပတ်လုပ်နေလို့ ဂျူဒိုကလပ်ခေါင်းဆောင် Phi Beamဆို ကျွန်တော့်ကို သိပ်မကြည်ချင်တော့ဘူး။ ကျွန်တော်လည်း ဒီနှစ်ကောင်လို ပြိုင်ပွဲအတွက် စွမ်းစွမ်းတမံလေ့ကျင့်ချင်တာပေါ့။

ကျွန်တော့်လက်ဒဏ်ရာက နာနေသေးတော့ လေ့ကျင့်ဖို့ အဆင်မပြေသေးဘူးလေ။ ပြိုင်ပွဲနေ့မတိုင်ခင်တော့ ဒီဒဏ်ရာပျောက်မှာ သေချာပါတယ်။

"Porsche တစ်ခုခုသွားစားရအောင် ဗိုက်ဆာလာပြီ"

Temက အားမရှိတော့သလိုမျက်နှာနဲ့ ကျွန်တော့်ကို ကြည့်ပြီး ပြောလာတယ်။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now