prologue

3.4K 116 17
                                    

(T/N- Hello Guys ပထမတစ်ခုက report မိသွားလို့ copyright နဲ့ Wattpad  Teamက ဖျက်ချသွားပါတယ်..အခု စာစစ်ရင်း တစ်ပိုင်းချင်းစီပြန်တင်ပေးမယ်နော်..အရင်လို ပြောစကားတွေ boldတင်မပေးနိုင်တော့ဘူးပေါ့)

~~~~~

"ဟေး၊မင်းဘယ်မှာလဲ ငါ့အတွက် ကွန်ဒုံးတစ်ထုပ်သွားဝယ်ပေး"

"-ီးကို ကွန်ဒုံး၊ အဲ့ကွန်ဒုံးကို မင်းဖင်ထဲထိုးထည့်ထားလိုက် ငါကသက်တော်စောင့်နော် မင်းရဲ့ကျွန်မဟုတ်ဘူး"

"မင်းကို ငါ့ကျွန်လို့လဲမပြောမိပါဘူး မင်းက ငါ့မိန်းမလေ"

"WTF မအေဘေး!!!"

~~~~~~

Porsche's POV

လောကမှာ ကျွန်တော့်လောက်ကံဆိုးတဲ့သူ ရှိပါ့ဦးမလားဗျာ။ ကိုယ့်ဘာသာအလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ရုန်းကန်နေရတဲ့ကြားထဲ မာဖီးယားတစ်ယောက်ရဲ့သားကို သက်တော်စောင့်လုပ်ပေးဖို့ဖြစ်လာတယ်လေ။

အဲ့စောက်ကောင်က စောက်ရမ်းကိုပြသနာရှာလွန်းလို့ ကျွန်တော်ရူးတော့မလိုပဲ ။ ဒီကောင်နဲ့စတွေ့တည်းက ‌ကျွန်တော့်ဘဝက ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်တာ။ ကျောင်းမှာလည်း ကျောင်းမှာမို့လို့ အိမ်မှာလည်း အိမ်မှာမို့လို့ ကျွန်တော့်ကို မျိုးစုံလိုက်နှောက်ယှက်နေတယ်။ကျွန်တော့်ညီလေးရဲ့ လုံခြုံရေးကြောင့်သာမဟုတ်ရင် ကျွန်တော် ဒီအလုပ်ကိုလုံးဝ လက်ခံဖြစ်မှာ မဟုတ်ဘူး။

"Shit !!!" ရန်ပွဲထဲကဒီမျိုးမစစ်ကောင်ကို ကယ်ခဲ့မိပြီး မာဖီးယားအရှုပ်ထုပ်တွေကြားရောက်သွားတဲ့ ကိုယ့်ကိုကိုယ်ပဲ ဒေါသထွက်မိတော့‌တယ်။ ကျွန်တော့်ရဲ့ကိုယ်ခံပညာအစွမ်းက သူ့အတွက် အထင်ကြီးစရာတစ်ခုဖြစ်သွားတယ်ထင်တယ်။ အဲ့တာကပဲ ကျွန်တော့်ဘဝရဲ့ ကပ်ဆိုးကြီးဖြစ်လာစေတာပဲ။

~~~~~~~

ကံဆိုးခြင်းရဲ့အစ

အလုပ်လုပ်‌နေတဲ့ဘားရဲ့ နောက်‌ဖေးလမ်းကြားမှာ ‌အမှိုက်ပစ်‌ရင်း အေးအေးဆေးဆေး ဆေးလိပ်သောက်နေတဲ့ ကျွန်တော်။

"ခွပ်!! ခွပ်!! ဒုံး!! ဘုန်း!!"

ကျယ်လောင်တဲ့ တိုက်ခိုက်သံတွေကြောင့် အသံလာရာကို အာရုံစိုက်ပြီးကြည့်မိလိုက်တော့ ငါးယောက် ခြောက်ယောက်ခန့်လူတစ်စုက မြေပြင်‌မှာ အကူအညီမဲ့စွာ လဲလျောင်းနေတဲ့ လူတစ်ယောက်ကို တိုက်ခိုက်နေကြတယ်။

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora