အခန်း ၃၀။ အချိန်နှောင်းသွားခဲ့ပြီ

523 31 12
                                    

Kinn's POV

"ငါ ဘယ်တုန်းကမှ မလုပ်ခဲ့သလို ဘယ်တော့မှလည်း လုပ်ဖို့ မတွေးခဲ့မိဘူး...
ဒါပေမယ့် အခုကစပြီး အဲ့ဒါကိုလုပ်ဖို့ တွေးတော့မယ်!"

ကျောင်းကပြန်လာပြီးနောက်... အလုပ်ခန်းရဲ့ ပြတင်းပေါက်ဘောင်ကို မှီပြီးရပ်နေတဲ့ ကျွန်တော်....တတိယမြောက် စီးကရက်ကို မီးညှိလိုက်တယ်။ Porsche ရဲ့ စကားသံကို အသံ‌သွင်းထားတဲ့ တိမ်ခွေတစ်ခုလို ထပ်ခါထပ်ခါကြားယောင်နေမိရင်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော သက်ပြင်းကို ချလိုက်မိတယ်။

မကြာသေးမီက ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြောင့် အခုချိန်အထိ ဆွံ့အနေမိဆဲ... ဘာဆက်လုပ်ရမှန်းမသိလော‌က်အောင်ကို အံ့ဩတုန်လှုပ်သွားခဲ့တာ....

"ငါ့ရဲ့ သောက်သုံးမကျမှုကြောင့်
ငါ့သူငယ်ချင်းလေးရဲ့ ဘဝကတော့ သွားပါပြီ...."

"ဘာလို့လဲ Pete?"

ခပ်အုပ်အုပ်လေသံဖြင့် ပြန်မေးလိုက်သော Arm ...

"ဟမ့်! ငါ့ကိုယ်ငါပဲ ပါးပိတ်ရိုက်လိုက်ချင်တော့တယ်...ငါက ငတုံးပဲ! ဒါတွေအားလုံးက ငါသောက်ချိုးမပြေလို့ ..."

ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းမှာ မတ်တပ်ရပ်နေတဲ့ Peteက သေလူတစ်ယောက်လို ခေါင်းငိုက်စိုက်ချထားလျက်...

"ချီးပဲ! Pete
ပါးစပ်ပိတ်ထားစမ်း!"

ဆေးလိပ်ငွေ့တွေကို ဖြေးဖြေးချင်း မှုတ်ထုတ်လိုက်ပြီး Peteကို လှမ်းငေါက်လိုက်တယ်။ အခုလောလောဆယ်မှာ ပတ်ဝန်းကျင်ရှိ အရာရာတိုင်းက စိတ်ရှုပ်စရာ၊ အာရုံနောက်စရာ ကောင်းတယ်လို့ ခံစားနေရတယ်။

"သူ ဘယ်လိုနေသေးလဲ?"

Armက ခပ်တိုးတိုး ထပ်မေးပြန်တယ်။

"အား! Porsche!
ငါ တကယ်တောင်းပန်ပါတယ်.."

ကျွန်တော့်ကို ဆင်ခြေတုံတရားပျောက်ဆုံးအောင် လုပ်နိုင်ခဲ့တဲ့လူရဲ့ နာမည်ကို တပြီး ခပ်တိုးတိုး ညည်းတွားနေတဲ့ Pete....

ထိုလူရဲ့ အပြုအမူ တစ်ခုချင်းစီက ကျွန်တော်ရဲ့ ဘဝကို အကြီးမားဆုံး သက်ရောက်စေခဲ့တယ်ဆိုတဲ့အချက်က လက်ခံနိုင်ဖို့ အရမ်းကို ခက်ခဲလွန်းတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကိုပေါ့...

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora