အခန်း ၁၅။ အလိုလိုသိစိတ်⚠️

1.3K 44 0
                                    

*** သတိပေးချက် ***

ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ လိင်ဆက်ဆံခြင်း၊‌ ဆေးခပ်ခြင်း စသည့်အကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။

အောက်မှာ warning သပ်သပ်ထပ်ပေးပါမယ်။

တစ်နေရာရာ၌

"မင်းက တော်တော် စောက်သုံးမကျတာပဲ။ သူ့ကို ဒီအတိုင်း ကားထဲ ဆွဲခေါ်ရမှာလေးတောင် မလုပ်နိုင်ဘူးလား"

ဒေါသတကြီး အော်ဟစ်လိုက်သံက အိမ်အိုဟောင်းကြီးရဲ့ စင်္ကြန်တစ်လျောက်လုံးကို ဟိန်းထွက်သွားလေသည်။

"မင်းကရောဘာထူးလဲ သူ့ကို ဒဏ်ရာနည်းနည်းရအောင်တောင်မလုပ်နိုင်ဘူးလေ၊ ကားနဲ့ ဝင်တိုက်တာတောင် စောက်သုံးမကျတဲ့ကောင်ကများ"

တစ်ခြားတစ်ယောက်ကလည်း ဒေါသသံဖြင့် ပြောလာ၏။

" သူက ပတ်ဝန်းကျင်အလှအပကို ရှုစားပြီး ဆိုင်ကယ်ကို ဒီလောက်ဖြေးဖြေး မောင်းနေမယ်လို့ ဘယ်သူက ထင်မှာလဲ ။ ဆိုင်ကယ်ကို လိပ်လိုမောင်းနေတော့ သူ့နောက်က နောက်ယောင်ခံလိုက်ဖို့က အရမ်းသိသာလွန်းတယ်လေ"

သူလုပ်ရမှာက Porsche ကို ဒဏ်ရာအနည်းငယ်ရအောင် ကားနဲ့ဝင်တိုက်ရမှာ။ ဒါမှ  သူ့ကို ကားပေါ်ဆွဲတင်ဖို့ အဆင်ပြေမှာလေ။... ဒါပေမယ့် Porsche ဆိုတဲ့ ကောင်က ဆိုင်ကယ်ကို ဘီးလိမ့်ရုံပဲ မောင်းနေတဲ့ အကြောင်းပြချက်ကို မခန့်မှန်းနိုင်ဘဲ အရမ်းကာရော ဝင်မလုပ်ရဲဘူးဖြစ်သွားတယ်။

"မင်းမှာ ဒီလို ခပ်တုံးတုံးနည်းလမ်းအပြင် တစ်ခြား နည်းလမ်းမရှိတော့ဘူးလား၊ စောက်ရမ်းစိတ်ပျက်စရာကောင်းတာပဲ "

အမည်မသိလူနှစ်ယောက်ရဲ့ စကားဝိုင်းက တဖြည်းဖြည်း ပြင်းထန်လာပြီး အချိန်မရွေး ရန်ထဖြစ်နိုင်တဲ့ အခြေအနေသို့ရောက်ရှိလာ၏။

"ဟ! အဲ့တာ မင်းရဲ့  စောက်ရမ်းကို အကာအကွယ်ပေးတတ်တဲ့သူဌေးကြောင့်လေ ! သူသာ Porsche သွားလေရာနေရာတိုင်းကို နောက်ယောင်ခံလိုက်ဖို့ လူမလွှတ်ထားရင် ငါတို့ရဲ့ အစီအစဉ်က အောင်မြင်ပြီးနေပြီ"

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora