Final- နောက်ဆုံးဇာတ်လမ်း(အတွဲ-၂)

553 23 1
                                    

Porsche POV

"Porsche ..
ဘာဖြစ်လို့လဲ,သား?"

ကျွန်တော့်မှတ်ဉာဏ်တွေထဲက အသံပိုင်ရှင်က အ‌ခု ကျွန်တော့်အရှေ့မှာရောက်နေခဲ့ပြီ။

ဖြေးဖြေးချင်း ခေါင်းမော့ကြည့်လိုက်မိတယ်။ အခုချိန်မှာ ကျွန်တော့်မျက်နှာအမူအရာ ဘယ်လိုဖြစ်နေမလဲဆိုတာ မသိတော့သလို ဂရုလည်း မစိုက်တော့ဘူး။

"သားတို့ဒီကိုလာတယ်လို့ Chanပြောလို့ ပါးလာကြည့်တာ..အချိန်ကျတော့မယ်လေ... Kinnနဲ့ Kim!
မင်းတို့ Porsche နဲ့ Chayကို မထိခိုက်စေချင်ရင် သူတို့ကို အခု အိမ်ပြန်ခေါ်သွားတော့..."

Khun Korn က ကျွန်တော့်ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးပြီး ပါးပြင်ပေါ်က မျက်ရည်တွေကို လက်မဖြင့် ဖယ်ရှားပေးလာတယ်။ ကျွန်တော် စိတ်ကို တည်ငြိမ်အောင်ထိန်းလိုက်ပြီး Kinnရင်ခွင်ထဲမှ ရုန်းထွက်ကာ ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လိုက်တယ်။

"မိသားစုငယ်ကို ဘာလုပ်မလို့လဲ?"

ကျွန်တော့်ရဲ့လေသံက အတက်အကျမရှိ တည်ငြိမ်နေလျက်.....

"ဪ..Kinn သားကို မပြောရသေးဘူးလား?"

Khun Korn က Kinnကို လှည့်ကြည့်လိုက်တယ်။
Khun Korn ရဲ့ အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ဒါဇင်နဲ့ချီတဲ့ သက်တော်စောင့်တွေက တစ်အိမ်လုံး ပြည့်လုမတတ် ဖြန့်ကျက်ထားတာမို့ အတိတ်တုန်းက ကျွန်တော့်ရဲ့ပါးကို သက်တော်‌စောင့်တွေ ဝိုင်းခံထားရတဲ့ မြင်ကွင်းကို ပြန်မြင်ယောင်လာမိတယ်....
De JaVuဖြစ်နေသလိုပဲ...

"Porsche! အဆင်ပြေရဲ့လား?"

Phi Chan ရဲ့ အနောက်မှာ ရပ်နေတဲ့ Peteက ကျွန်တော့်ကို စိုးရိမ်တကြီးမေးလာတယ်။

"မိသားစုငယ်ကို ဘာလုပ်ဖို့ စီစဉ်ထားတာလဲ?"

ကျွန်တော် Peteရဲ့အမေးကို မဖြေဘဲ Khun Korn ဆီကိုသာ အကြည့်ပို့ရင်း ပြန်မေးလိုက်တယ်။

"မိသားစုငယ်က ကိုယ်တို့ကို သစ္စာဖောက်ပြီး မိသားစုကြီးရဲ့လျှို့ဝှက်အချက်အလက်တွေကို စီးပွားပြိုင်ဘက်တွေဆီ ရောင်းစားခဲ့တယ်..ဒီနေ့ ပါးက သူတို့ကို လက်ရအမိဖမ်းမှာ.."

FreeFall (Unicode +Zawgyi) (Completed)Dove le storie prendono vita. Scoprilo ora