အခန်း ၃၉။ အရှုပ်ထုပ်များ

288 14 0
                                    

Porsche POV

Phi Yokရဲ့ဆိုင်က ဝရုန်းသုန်းကား ပါတီပွဲပြီးဆုံးသွားခဲ့ပြီ။ သေချာတာတော့ လူတိုင်းနီးပါးက ပျော်စရာအချိန်လေးတွေ ရလိုက်ကြတယ်။ အထူးသဖြင့် Peteပေါ့!

မရပ်မနားဆက်တိုက်သီချင်းဆိုနေတဲ့ ThanKhun တစ်ယောက် အသံတွေဝင်ပြီး ပြာလာတဲ့အထိ... Peteက သူ့ကို ပျားသံပုရာဖျော်ရည်တစ်ခွက် လာတိုက်တာတော့ မြင်လိုက်တာပဲ...

ဒီလောက် အကြာကြီး သီချင်းဆိုနိုင်တဲ့ အပြားလိုကောင်ကို တကယ်လေးစားမိတယ်။ မိုက်ခရိုဖုန်းကို လက်ထဲကမချတမ်း ဆိုနိုင်တဲ့ စကေးက တော်ရုံတော့ မဟုတ်ဘူး။ ရွေးလိုက်တဲ့ သီချင်းတွေက ငြီးငွေ့စရာ ဘယ်လောက်ကောင်းလဲဆို Chayတစ်ယောက် Kimရဲ့ ပေါင်ကို ခေါင်းအုံးပြီး အိပ်ပျော်သွားတဲ့အထိပဲ။

လူတိုင်းက မဟန်နိုင်လောက်အောင် ပင်ပန်းနေချိန်မှာ ဒင်းကသာ တက်ကြွလို့ကောင်းတုန်း။ ကျွန်တော်တို့အားလုံး မလှုပ်မယှက် တိတ်တဆိတ်ထိုင်နေကြပြီး သန်းတဲ့သူက သန်းနေပြီ။ သူကတော့ အရက်သောက်လိုက်၊ ဆိုလိုက်ဖြင့် နောက်ဆုံး အရက်ရှိန်တက်ပြီး မျက်လုံး မဖွင့်နိုင်လောက်‌အောင် မူးလာသည်အထိ။

လခွမ်း! ဒီအပြားလိုကောင်ရဲ့ အမေက ဒင်းကို ကိုယ်ဝန်လွယ်ထားတုန်းမှာ သီချင်းခွေတွေများ ဝါးစားခဲ့သလားပဲ!
ဒီလောက်တောင်ဆိုနိုင်တာ သီချင်းဆိုပြိုင်ပွဲဝင်ဖို့ စီ‌စဉ်နေတာလား၊ ဘာလား?!

အခန်းထဲရောက်တာနဲ့ ကျွန်တော် ဆိုဖာပေါ်မှာ လှဲချကာ အနားယူနေမိတယ်။ အဆွေးသီချင်းတွေပဲ ထိုင်ဆိုနေတဲ့ Peteကျေးဇူးနဲ့ အရက်သောက်ချင်စိတ်ပါပျောက်သွားတာ‌ကြောင့် ဒီနေ့ သိပ်မမူးခဲ့ဘူး။

"ပူလိုက်တာ!
အဲကွန်း ဖွင့်မယ်လေ"

ဝတ်ထားတဲ့ T shirt ကို ခေါင်းအနည်းငယ်ကြွကာ  ဆွဲချွတ်လိုက်ပြီး ကြမ်းပြင်ပေါ် ဦးတည်ရာမဲ့ လွှင့်ပစ်လိုက်တယ်။

"အပူချိန်လျော့ပေးဦး!"

ဆိုဖာပေါ် မလှုပ်မယှက် လဲလျောင်းနေမိတယ်။ မမူးဘူးဆိုပေ‌မယ့်လည်း ကျောခင်းလိုက်ပြီးနောက် လူက တစ်ကိုယ်လုံး ထုံကျင်ကာ မျက်ခွံတွေက လေးလံလာခဲ့ပြီ။ ခေါင်းတစ်ခုလုံးလည်း ချာချာလည်နေလျက်..

FreeFall (Unicode +Zawgyi) (Completed)Où les histoires vivent. Découvrez maintenant