အခန်း ၄၀။ လှည့်ကွက်

246 14 0
                                    

Porsche POV

လမ်းတစ်လျှောက် တရိပ်ရိပ်ပြေးနေတဲ့ ကားပေါ်မှာ အာရုံစိုက်ပြီး ကားမောင်းနှင်နေသူက ကျွန်တော်...

ကားထဲက လေထုက စိတ်မချမ်းသာစဖွယ် အငွေ့အသက်တွေ လွှမ်းခြုံနေတာကြောင့် သက်သောင့်သက်သာရှိမနေတာတော့ အမှန်ပဲ....

စီးနှင်းလိုက်ပါလာသူ တစ်ယောက်ချင်းစီရဲ့ negative energy ကားအတွင်းထဲကို ဖြည်းဖြည်းချင်းစိမ့်ထွက်နေသလို...

Peteက ကားတံခါးအပြင်ဘက်ကို ငေးကြည့်ရင်း အဆွေးသီချင်းကို တိတ်တိတ်လေး ညည်းတွားနေလျက်...

ကားထဲမှာ ဖွင့်ထားတဲ့ အဆွေးသီချင်းရဲ့ တရားခံက Peteပေါ့! သူ ကျွန်တော့်ကို အတင်းဖွင့်ခိုင်းတာ..

Taeက တစ်ခုခုကို တွေးတောနေသလို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ထိုင်နေပြီး ..
မှုန်ကုပ်နေတဲ့ မျက်နှာနဲ့ စောက်ကလေးကတော့ ဖုန်းနဲ့ သဲကြီးမဲကြီး စာရိုက်နေသည်မှာ မသိရင် လူပဲသတ်နေသလို...

"Kim! စောက်သူတောင်းစား!!!
နောက်တစ်ယောက် ထားရဲထားကြည့်..
မင်းရဲ့ ဘောကို ရှုံ့တွပုပ်အက်သွားပါစေလို့ ငါ ဘုရားဆီမှာ ဆုတောင်းပစ်မယ်!!!"

Chayက ‌ကျိန်ဆဲနေတယ်။

သူနဲ့ Kimရဲ့ relationship နဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ကိုဆုံးမဖို့ ကြိုးစားကြည့်ပါသေးတယ်။
ဒါပေမယ့် ဒီမကောင်းဆိုးဝါးလေးက သူ့အစ်ကိုဖြစ်တဲ့ ကျွန်တော့်ကိုတောင် ဂရုမစိုက်နိုင်လောက်တဲ့အထိ မွှန်နေတာကြောင့် လွှတ်ပေးထားရတာ..

"သူ ဖောက်ပြန်နေလို့လား?"

ကျွန်တော် ပုံမှန်အတိုင်းမေးလိုက်တော့...

"ဟုတ်ရင် ဟုတ်မှာပေါ့"

Chayက လက်ပိုက်ထားရင်း စိတ်ဆိုး မာန်ဆိုးဖြင့် ပြန်ဖြေလာခဲ့တယ်။

"လက်ပူးလက်ကြပ် မိတာမျိုးလား?"

Taeက ဝင်မေးတယ်။

"မဟုတ်ဘူး!"

Chayတစ်ယောက် သုန်မှုန်နေတဲ့ မျက်နှာနဲ့ မျက်မှောင်ကလည်း ကျုံ့ထားသေး...ဖြစ်နိုင်ရင် ဒီစောက်ကလေးကို ကားပေါ်က ကန်ချချင်လာပြီ။

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz