အခန်း ၄၂။ ဖော်ထုတ်ခြင်း

232 15 0
                                    

Porsche POV

Pete အခန်းထဲ၌ တိတ်တဆိတ်ထိုင်နေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်းပင်မသိ...
နာရီ ကြည့်လိုက်တော့ ဆယ့်နှစ်နာရီအတိ..
အစည်းအဝေးပြီးတာနဲ့ ပြန်ရောက်လာခဲ့တဲ့ Armက Peteကို ဆေးရုံသွားပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့ တိုက်တွန်းပေမယ့် Peteက ငြင်းဆန်တယ်။ သူအဆင်ပြေကြောင်း...နည်းနည်းလောက် ထပ်အိပ်လိုက်တာနဲ့ နေပြန်ကောင်းသွားမှာဖြစ်ကြောင်းကိုသာ ဇွတ်ပြောနေလျက်....

ဒါပေမယ့် ကျွန်တော်နဲ့ Armက သူ့ထက်ပိုခေါင်းမာတယ်လေ..Pete တစ်ကိုယ်လုံးကို မချီရုံတမယ် ဆွဲထူပြီး ကားထဲ အတင်းထိုးထည့်လိုက်ကြတယ်။ အခုဆို Armနဲ့ Peteက ဆေးရုံသွားတဲ့ လမ်း‌မှာပေါ့...

Armကို ကူပေးပြီးတာနဲ့ ကျွန်တော် Kinnအခန်းဆီသို့ တန်းတက်လာလိုက်ပြီး ရေမိုးချိုး အဝတ်အစားလဲကာ စောင်ပုံထဲမှာ ဇိမ်ယူနေမိတယ်။ Armပြောတာတော့ အစည်းအဝေးပြီးတာနဲ့ Kinnက သူ့ အဖေနဲ့ စကားပြောဖို့ ကျန်နေခဲ့တယ်တဲ့...

စိတ်ထဲ ထားမနေတော့ဘူး.. နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတဲ့ အတွေးတွေကြားထဲ ကျွန်တော်ကိုယ်တိုင် နစ်မြုပ်နေပြီ မို့လို့...

ရုတ်တရက် တံခါးဖွင့်သံကြောင့် ကျွန်တော် မျက်လုံးမှိတ်ပြီး အိပ်ချင်ဟန်ဆောင်နေလိုက်တယ်။ ‌နူးညံ့ငြင်သာတဲ့ ခြေလှမ်းတို့က တရွေ့ရွေ့...Kinnကျွန်တော့်ဆီ လျှောက်လာတာကို ခံစားမိနေတယ်။

"Porsche!
အိပ်ပျော်နေပြီလား"

နူးနူးညံ့ညံ့စကားသံအဆုံး ကျွန်တော့် နဖူးပေါ် ကျနေတဲ့ ဆံပင်တွေကို ဖယ်ရှားပေးနေတဲ့ လက်ချောင်းတို့ရဲ့အထိအတွေ့....

ကျွန်တော် ခန္ဓာကိုယ်ကို အနည်းငယ်လွန့်လူးလိုက်တော့ သူ့လက်ချောင်းတွေက ကျွန်တော့်ရဲ့ ပါးပြင်နဲ့ နှာဖျားတစ်လျှောက်ကို ပွတ်သပ်ချော့မြှူလာတော့တယ်။
ကျွန်တော် မျက်လုံးကို ဖြေးဖြေးချင်း ဖွင့်လိုက်ပြီး နိုးတစ်ဝက် အိပ်တစ်ဝက် အကြည့်တို့ဖြင့် သူ့မျက်နှာကို စိုက်ကြည့်နေမိတယ်။

"ပါးက မင်းအတွက် နွားနို့တစ်ခွက် ထည့်ပေးလိုက်တယ်.. စိတ်ကြည်သွားအောင် သောက်လိုက်နော်"

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now