အခန်း ၃၆။ ထွက်ခွာသွားသူ

436 16 3
                                    

Porsche POV

"အိပ်ချင်နေပြီလား?"

ရေချိုးခန်းထဲက ထွက်လာတဲ့ Kinnက ဘောင်းဘီအသစ်တစ်ထည် ထုတ်လိုက်ရင်း ကျွန်တော့်ကို မေးလာဆယ်။

"မေးရဲသေးတယ်နော်? အ့ ငါ့ခါး!"

ကျွန်တော့်‌မွေးနေ့ပြီးတာ လေးရက်ပဲရှိသေးတယ် ဒီသတ္တဝါက သူ့နဂိုပုံစံပြန်ဖြစ်သွားပြီ...
ကျွန်တော့်မှာ သူ့ စာရွက်စာတမ်းတွေ ကူကြည့်ပေးရရုံတင် မကဘူး သူ့ကို နင်းနှိပ်ပေးရသေးတယ်။  ဒါတွေက ကျွန်တော့် တာဝန်ပဲတော့ သိပ်ပြီးကိစ္စမရှိပေမယ့်... Kinn ဆိုတဲ့ကောင်က အခွင့်အရေးရတိုင်း ကျွန်တော့်ကို မထိတထိ လာလာလုပ်နေတယ်လေ....

"ပင်ပန်းသွားတာလား? ကိုယ်အရမ်း ပြင်းသွားလား?"

ပြောပြီးတာနဲ့ Kinn က ကုတင်ပေါ်တက်လာကာ ကျွန်တော့်နားကို ကပ်လာတယ်။ သူ့လက်တွေက ကျွန်တော့်ခါးနားရောက်လာပြီး နောက်ဘက်မှနေ၍ ခပ်ဖွဖွသိုင်းဖက်လာချိန်.....

"ဖယ်စမ်း ... လေးတယ်..
မင်းခန္ဓာကိုယ်ကြီးက"

"ကိုယ် နှိပ်ပေးမယ်လေ"

Kinn က စပ်ဖြီးဖြီးနဲ့ပြောပြီး ကျွန်တော့်ခါးကိုပွတ်သပ်လာတယ်။

"အသားလာယူမနေနဲ့...ဖယ်စမ်း!"

ကျွန်တော် သူ့ကို ‌ခြေထောက်နဲ့ကန်ပြီးပြောလိုက်တယ်။ သူ့အထိအတွေ့တွေကို ကျင့်သားရနေပြီဖြစ်ပေမယ့်လည်း အသားယူလွန်းပြန်ရင်တော့ သောက်မြင်ကပ်မိတယ်....

"ကိုယ်က မင်းပင်ပန်းနေတာသိလို့ နှိပ်ပေးချင်ယုံလေးပါပဲကွာ... တစ်ညလုံးလုပ်ထားပြီး‌တာတောင်မှ မနက်ဆိုရင်စောစောထနေရတာဆိုတော့- အ!"

သူ့စကားမဆုံးခင်မှာပဲ ကျွန်တော် ဖြတ်ရိုက်လိုက်ပြီး
စောင်ကို မျက်နှာမဖုံးရုံတမယ် ဆွဲခြုံလိုက်မိတယ်။

"ဘာတွေလာပြောနေတာလဲ ခွေးကောင်ရဲ့!
အဲ့ဒီ့ ပေါက်တတ်ကရစကားတွေ အခြားသူတွေကိုသွားပြော သွား... အရှက်မရှိတဲ့ကောင်"

ဒင်းကိုတော့ တကယ်မနိုင်တာ! ဘာတွေစားလို့ ဒီလောက်တောင်အားရှိနေတာလဲမသိဘူး! သူနဲ့လုပ်ပြီးရင် တစ်ကိုယ်လုံး ကိုင်ရိုက်ခံထားရသလိုပဲ ကိုက်ခဲနေတာပဲ...

FreeFall (Unicode +Zawgyi) (Completed)Où les histoires vivent. Découvrez maintenant