အခန်း ၁၈။ ခံစားချက်များ

516 26 0
                                    

'BOOK - 2'

Kinn's POV

"မင်းက ဘယ်သူ့ခွင့်ပြုချက်နဲ့ အလုပ်ထွက်မှာလဲ?"

ကျွန်တော့်အော်သံက ဧည့်ခန်းအတွင်းမှာ ဟိန်းသွားတယ်။ သူ့ကြည့်ရတာ ကျွန်တော်ရောက်လာမယ်ဆိုတာ တင်ထားပုံမရပေ။ နေရာမှ တုပ်တုပ်မလှုပ်ဘဲ ကျွန်တော့်ကို အံ့အားသင့်နေသောမျက်လုံးများဖြင့် ကြည့်‌နေ‌လေရဲ့… ကျွန်တော် သူ့ဆီသို့ ဒေါသတကြီးလျှောက်သွားတော့ သူက အလိုလိုခြေထောက်ကနောက်သို့ တစ်လှမ်းဆုတ်သွားတယ်။ သူ့မျက်နှာပေါ်မှာ တွေ့ရခဲတဲ့ စိုးရိမ်‌ထိတ်လန့်မှုကို‌မြင်နေရပြီး အမြဲလိုလိုရှိနေတတ်တဲ့ မျက်နှာပေါ်က မာနနဲ့ လှောင်ပြုံးတောင်မှ ကြက်ပျောက်ငှက်ပျောက်....

"Kinn"

သူ့ရဲ့တိုးညင်းလှတဲ့ ရေရွတ်သံကြောင့် ကျွန်တော်နေရာမှာရပ်မိသွားတယ်။ သူ့ကို ခဏလောက်စိုက်ကြည့်လိုက်တာနဲ့ သူ့ပုံစံက အရင်နဲ့မတူဘူးဆိုတာကို သတိထားမိတယ်။ ပထမဆုံးအကြိမ် ယောက်ျားတစ်ယောက်နဲ့အိပ်လို့ ဖျားသွားတာမျိုးက ပုံမှန်ဖြစ်တတ်တယ်ဆိုပေမယ့်လည်း သူ့ကြည့်ရတာအဲ့တာတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကျွန်တော်မသိအောင်ဖုံးကွယ်ထားတာ တစ်ခုခုရှိနေသေးတယ်။ အဲ့တာကိုသိချင်လို့ ကျွန်တော် သူ့အိမ်ကို ရောက်ချလာတာပဲ။

"ငါမေးနေတယ်လေ.. ဘယ်သူ့သဘောနဲ့ အလုပ်ထွက်မှာလဲလို့?"

သူ့ရဲ့ မျက်နှာအမူအရာက ကျွန်တော့်ရဲ့တင်းထားတဲ့စိတ်ကို လျော့သွားစေပေမယ့်လည်း ဒေါသသံဖြင့် ထပ်အော်လိုက်သေးတယ်။

ငါက ဘာလို့အပြစ်ရှိသလိုခံစားနေရတာလဲ ချီးပဲ...

ခုနကလေးတင်ပဲ ကျောင်းကအိမ်ကိုပြန်ရောက်,ရောက်ချင်း ပါးက ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်ပြီးတော့ Porsche နဲ့ပတ်သက်ပြီးမေးတယ်။ Porsche အလုပ်ကနေထွက်ချင်တဲ့အထိဖြစ်ရအောင် ကျွန်တော်ဘာတွေလုပ်ထားလဲဆိုပြီး...

ပါးရဲ့မေးခွန်းဆုံးတာတောင်မစောင့်ဘဲထွက်လာပြီး Porsche အိမ်ကိုရောက်တဲ့အထိ ကားကို နောက်က ကျားလိုက်လာသလိုကို မောင်းလာခဲ့တာ.. ဒေါသကြောင့် တစ်ကိုယ်လုံးရှိ သွေးတို့ ပွက်ပွက်ဆူနေတော့တယ်။ အခုအခြေ‌အနေမှာ ကျွန်တော်က အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ဗုံးတစ်လုံးလိုဖြစ်နေပြီး သူကတော့ကျွန်တော့်ကို ပေါက်ကွဲထွက်စေမယ့် မောင်းတံပဲ...

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now