အခန်း ၃၂။ ပြဿနာဖြေရှင်းခြင်း

407 22 0
                                    

တစ်နေရာရာ၌

"ဟေး!!
ဘယ်သူရှိလဲ?!
စားစာရာတစ်ခုခု ယူလာပေးလို့ရမလား?
ကျွန်တော် ဗိုက်ဆာလို့!!"

အထက်တန်းကျောင်းသားအရွယ် ကောင်လေးတစ်ယောက်ရဲ့ အခန်းတံခါးဆီ မျက်နှာမူထားရင်း အော်ဟစ်အကူအညီတောင်းနေသံ....
သူ့ရဲ့မျက်လုံးတွေကတော့ အခန်းတစ်ဝိုက်ကို စူးစမ်းသလို ဝေ့ဝိုက်ကြည့်နေတယ်။

အခုသူရောက်နေတာက မှိုနံ့ နှင့် သစ်ကတိုးအဟောင်းနံ့တို့လှိုင်ထနေတဲ့ အိုဟောင်းညစ်ပတ်နေတဲ့ အခန်းတစ်ခန်း...

မနေ့ညနေက Chay ကျောင်းကအပြန် ပုံမှန်အတိုင်း လမ်းလျှောက်လာချိန်မှာ အမည်းရောင် ဝတ်စုံနဲ့ လူတစ်စုက သူ့ကို အတင်းအဓမ္မ ဖမ်းချုပ်ပြီး Vanကား တစ်စီးထဲ အတင်း ထိုးထည့်ကြတယ်။
အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းတာကြောင့် သူသေချာ သတိမထားမိနိုင်ခင်မှာပဲ ဒီမရင်းနှီးတဲ့ အခန်းထဲ ခေါ်ဆောင်အကျဥ်းချခြင်းခံလိုက်ရတယ်။

တစ်ရက်ကုန်ဆုံးပြီးသည်အထိ သူ့ကို ဘယ်သူက၊ ဘာရည်ရွယ်ချက်နဲ့ ဖမ်းထားသလဲဆိုတာ မသိရသေး..

သူအရမ်း စိတ်လှုပ်ရှား ထိတ်လန့်နေခဲ့ပေမယ့် အခုလောလောဆယ်တော့ ဒီအခန်း ကျဉ်းကျဉ်းလေးထဲမှာပဲ လူးလားခေါက်ပြန် လမ်းလျှောက်နေရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့....

နေ့တစ်ဝက်ကျိုးခါနီးမှပဲ တစ်မနက်လုံး ဆောက်တည်ရမရလမ်းလျှောက်နေတဲ့ Chayတစ်ယောက် ထိုင်ပြီးနားဖို့ သတိရတော့တယ်။ Van ကားထဲမှာလို သူ့ရဲ့ လက်နဲ့ ခြေထောက်တွေပါ ကြိုးနဲ့ အချည်မခံထားရလို့ တော်သေးတယ်။ ကားထဲမှာတုန်းက ရုန်းကန်နေတဲ့သူက ဟိုလူ‌တွေကို တော်တော်လေး အလုပ်ရှုပ်စေခဲ့တယ်လေ။

အတင်း ဆွဲခေါ် ဖမ်းချုပ်လာခဲ့တာကြောင့် သူ့ရဲ့ အဝတ်အစားတွေကတော့ အရမ်းကို ညစ်ပတ်ပေရေနေခဲ့ပြီ။ သူက အတိုက်အခိုက်ရေးရာမှာ နလပိန်းတုံးတစ်ယောက်တော့ မဟုတ်ပေမယ့် ဒီလောက်များပြားလှတဲ့ လူအုပ်ကြီးကို တစ်ယောက်တည်းရင်ဆိုင်လောက်တဲ့အထိတော့ မရူးနှမ်းသေးဘူး။

!ဘယ် သူတောင်းစားက ဒီလိုလုပ်တာလဲ?!

!ရုတ်တရက်ကြီး ဘာလို့ ဒီလို အခြေအနေမျိုး ကြုံတွေ့ရတာလဲ?!

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora