အခန်း ၁၂။ သံသယ

452 28 0
                                    

Porsche POV

အိပ်ရာပေါ်တွင် လူးလှိမ့်နေရင်း ‌လေးပင်နေတဲ့ မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ခေါင်းကထိုးကိုက်လာတော့တယ်။ ခွေးကောင် Kinn!!! မနေ့ညက ဒီလောက်သောက်လိုက်တာတောင် ဘာမှမဖြစ်ဘူးလားမသိဘူး?! ကျွန်တော်ကတော့ ပြောမနေပါနဲ့... အခုအခြေအနေကိုပဲ ကြည့်!!

မွေ့ယာကို လက်နှစ်ဖက်ဖြင့်ထောက်ကာ ဖြေးဖြေးချင်းထထိုင်လိုက်တယ်။ ခေါင်းတစ်ခုလုံးက တူနဲ့ထုခံထားသလား အောက်မေ့ရတယ်.. ကိုက်ခဲနေတာပဲ! ခန္ဓာကိုယ်ပေါ်ရှိ စောင်ကို ဆွဲခွာကာ ကုတင်ပေါ်မှဆင်းရန် ပြင်လိုက်တော့...

နေပါဦး.... စောင်? အနက်ရောင် ဂွမ်းကပ်စောင်၊ နှစ်ယောက်အိပ် ကုတင်ကြီးနဲ့ အခန်းကျယ်ကြီး!!!
အခန်းတစ်ခုလုံးကို ခြုံကြည့်လိုက်ပြီးနောက် မနေ့ညက အဖြစ်အပျက်တွေကို ပြန်စဥ်းစားလိုက်တယ်။ မနေ့ညက ကျွန်တော် Phi Yok ဆိုင်မှာ သောက်စားပျော်ပါးပြီးတော့ အိမ်ပြန်လာတယ်။ အိမ်ပြန်ရောက်တော့ Pete ရဲ့ အကူအညီနဲ့ Kinn ကို သူ့အခန်းထဲပို့ပေးပြီး ရေပတ်တိုက်ပေးလိုက်တယ်.......
Fuck!!! ဒါဆို ကျွန်တော်က အခု အဲ့ခွေးကောင်ရဲ့ အခန်းထဲမှာလား??!!!

အခန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်ပေမယ့်လည်း Kinn ရဲ့ အရိပ်အရောင်တောင် မမြင်ရ.. အခန်း နံရံတွေဆီ မျက်လုံးရောက်သွားတော့ Khun Kornရယ် သူ့သား သုံးယောက်ရယ် အတူတူရိုက်ထားတဲ့ မိသားစု ဓာတ်ပုံကို တွေ့လိုက်ရတယ်။ ကျွန်တော် ဘာလို့ Kinn ရဲ့ အခန်းထဲမှာ အိပ်ပျော်နေတာလဲ??

ပြန်စဉ်စားနေမိရင်း မနေ့က အဖြစ်အပျက်တွေ ခေါင်းထဲဝင်လာတဲ့အချိန်မှာတော့ ခေါင်းကိုက်နေတာတောင် ပျောက်သွားတယ်။ မနေ့ညက ကျွန်တော် အရမ်းခံစားလို့ကောင်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် တိမ်တွေပေါ်ရောက်နေတယ်လို့တောင် ထင်မိတယ်။ ကျွန်တော့်ရှေ့ကလူရဲ့ နှုတ်ခမ်းတွေကြောင့် ကျွန်တော့် ဝင်လေထွက်လေက နွေးပြီးတော့ နှုတ်ခမ်းတွေက စိုစွတ်နေတယ်။ ဒီသာယာမှုမှာ နစ်မျောမလို ဖြစ်နေချိန်မှာပဲ တစ်ဖက်လူက Kinn ဖြစ်နေတာကို သတိထားမိသွားတယ်...
Kinn ကျွန်တော့်ကို နမ်းလိုက်တာပဲ!!!!!!

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora