Kinn's POV
ကျွန်တော့်ရဲ့ ခပ်ကြောင်ကြောင် အစ်ကိုတော်က Peteနဲ့ Porsche ကို အလဲအထပ်လုပ်သွားတယ်တဲ့လေ။ သူတို့နှစ်ယောက်ပေါင်းပြီး ဘယ်လိုတွေ ဗြောင်းဆန်အောင်လုပ်မလဲဆိုတာ တွေးကြည့်လို့တောင်မရဘူး။
TharnKhun က ရူးကြောင်ကြောင်နဲ့ လုပ်ချင်တာတွေ အကုန်လျှောက်လုပ်....Porsche က သူလုပ်တာမှန်သမျှကို ကန့်လန့်တိုက်...ကြည့်ကောင်းတော့မှာပဲ... တော်ပြီ.... မစဥ်းစားချင်တော့ဘူး....သူတို့နှစ်ယောက်ပေါင်းပြီး ဘာတွေမွှေကြဦးမလဲဆိုတာ...စောင့်ပဲကြည့်တာပေါ့....
"အာ.. Porsche က ဒီနေ့ night ဂျူတီ ဆက်ပြီး ဆင်းရမှာလား Khun Kinn?"
Pete က မေးလာတယ်။
"...ဟုတ်တယ်..ဘာဖြစ်လို့လဲ?"
"အမှန်တော့ ဒီနေ့က ကျွန်တော့်နားရက်ဗျ"
Peteက ကျွန်တော့်ကို မကြည့်ဘဲ တောင်ကြည့်၊မြောက်ကြည့်လုပ်နေရင်း ခပ်တိုးတိုးပြောတယ်။
"ဟင်... ဟုတ်လား။ အဲ့ဒါဆို အခု မင်း ဒီမှာဘာလုပ်နေတာလဲ?"
ကျွန်တော် ကစားနေတဲ့ ကွန်ပြူတာဂိမ်းကို ခဏရပ်လိုက်ပြီး ခေါင်းမော့ကြည့်ကာ မေးလိုက်တယ်။
"Khun Nuu က Khun Vagasနဲ့ Khun Macau တို့ ဒီနေ့လာမယ်ဆိုတာကြားတော့ သူတို့နှစ်ယောက်ကို နှောက်ယှက်ဖို့ ကျွန်တော့်ကို အတင်းလှမ်းခေါ်တာနဲ့....."
Peteက ပင်ပန်းနေတဲ့မျက်နှာဖြင့် ရှင်းပြနေရင်း အဆုံးတွင် မသိမသာ သက်ပြင်းချလိုက်တယ်။
"ဟား..ဟား..မင်းလည်း သူ့ရဲ့ သက်တော်စောင့်လုပ်ရတာ တော်တော်မလွယ်တာပဲ! ငါ တွေးကြည့်ရုံနဲ့တင် ဘယ်လောက်ပင်ပန်းမလဲဆိုတာ ခန့်မှန်းလို့ရနေပြီ....ကဲပါ...အခုကောင်းကောင်းသွားနားတော့"
ကျွန်တော် ခေါင်းခါပြီး ခပ်တိုးတိုး ရယ်နေမိတယ်။ ဒီအိမ်မှာ နဂိုတည်းက အမွှေစိန်တစ်ကောင်ရှိနေပြီးသားလေ။ အဲ့တာနဲ့ မလုံလောက်သေးလို့ Porsche ပါ ထပ်ရောက်တာလား။ ရှေ့လျှောက် တော်တော်ခေါင်းခဲရတော့မှာပဲ....
"ဒီနေ့ Khun Kinn အပြင်သွားစရာရှိလား ဗျ"
ကျွန်တော် ခေါင်းခါပြလိုက်သည်။ Peteရဲ့ နူးညံ့ပြီး ရို့ကျိုးတဲ့ စကားသံကြောင့် ကျွန်တော့်စိတ်အခြေအနေကပိုကောင်းလာခဲ့သလို ခုနက မုန်တိုင်းထန်ခဲ့တဲ့ အခန်းအခြေအနေကလည်း ပြန်ပြီး တည်ငြိမ်လာခဲ့တယ်။
![](https://img.wattpad.com/cover/341236727-288-k395176.jpg)
ESTÁS LEYENDO
FreeFall (Unicode +Zawgyi) (Completed)
AcciónThis is a fan translation of KP novel.........