အခန်း ၃၅။ Porsche ရဲ့နေ့

576 24 2
                                    

Porsche POV

စိတ်ပျက်စရာကောင်းလွန်းတဲ့ စာမေးပွဲနှင့် ‌တစ်နေကုန်နီးပါး နှစ်ပါးသွားပြီးနောက် ခေါင်းဆေးရန်အလို့ငှာ  Mobile Gameကို သဲကြီးမဲကြီး ထိုင်ဆော့နေမိတယ်။

ချီးပဲ!

ဖြေနိုင်ဖို့အသာထား ဒီနေ့ မေးတဲ့မေးခွန်းတွေကို တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှတောင် မတွေ့ဖူးသလိုပဲ! အတန်းတက်တုန်းက ဒီလို အကြောင်းအရာမျိုးတွေကို သင်ရော သင်ခဲ့ဖူးလို့လား? ကျွန်တော်ကတော့ တစ်ခုမှ မမှတ်မိဘူးရော...

စာမေးပွဲဖြေနေစဉ်တစ်လျှောက်လုံး ဦးနှောက်က အခွံလွတ်ကြီးတစ်ခုလို ဗလာနတ္ထိ။ စာနဲ့တူတာဆိုလို့ ဘာမျှရှိမနေခဲ့.. အဖြေဆိုတဲ့အမျိုးကလည်း စဉ်းစားလေ လမ်းပျောက်လေဗျ...နောက်ဆုံး အိပ်ချင်စိတ်ပေါက်လာတာနဲ့ ခေါင်းမှောက်ပြီး အိပ်လိုက်တာ အချိန်စေ့မှပဲ ပြန်နိုးလာတော့တယ်။

ရလဒ်အနေနဲ့ အိပ်ရေးဝခဲ့တာကြောင့် ကျန်းမာပြီး ကြည်လင်နေတဲ့ အသားအရေကို ပိုင်ဆိုင်လိုက်ရတယ်။ ရေကို တစ်နေ့ရှစ်ဘူးလောက်သောက်ခဲ့ရသလိုကို အသားအရေက ရေဓာတ်ပြည့်ပြီး စိုပြေနေရော..
မဆီလျော်လိုက်တာ...

(T/N -
The best skincare tips by Porsche - စာမေးပွဲခန်းထဲ အိပ်ရေးဝအောင် အိပ်ပါတဲ့😜)

"စာမေးပွဲ ဖြေပြီးသွားပြီပေါ့"

Kinnရဲ့ အသံ‌ကို ကြားလိုက်ရပေမယ့် ဖုန်းscreenပေါ်က အကြည့်မခွာပဲ ခေါင်းသာညိတ်ပြလိုက်တယ်။ စာသင်ဆောင်နှစ်ခုကြားက ခုံတန်းမှာ gameထိုင်ကစားနေရင်း သူ့ကိုစောင့်နေခဲ့တာ ဆယ်မိနစ်လောက်ရှိပြီ။

Kinnနဲ့အတူ သူ့သူငယ်ချင်းတွေပါ ရောက်လာကြပြီး Kinn ကတော့ ကျွန်တော့်ဘေးမှာ ဝင်ထိုင်လိုက်တယ်။

"အာ!"

ကျွန်တော့် ပါးကို လာဆွဲညှစ်တဲ့ Kinnကြောင့်
အာမေဋိတ်အသံပြုရင်း မျက်နှာကို တစ်ခြားတစ်ဖက်သို့ ရှောင်ဖယ်လိုက်တယ်။

"အဟင်း!!
တစ်စုံတစ်ယောက်ကတော့ ထိန်းချုပ်ခံနေရပြီဟေ့!"

Timeက ကျွန်တော်တို့နှစ်ယောက်ကို အထာနပ်သလို ကြည့်ရင်း စနောက်လာတယ်။

FreeFall (Unicode +Zawgyi) (Completed)Where stories live. Discover now