အခန်း ၂။ ဆွေမျိုးလာစပ်သူ

705 42 2
                                    

Porsche POV

"မင်းငါ့ကိုမနေ့ကနေရာမှာပဲ ချထားခဲ့မှာတော့ မဟုတ်ပါဘူးနော်" ဆိုင်ကယ်ကိုအသည်းအသန်မောင်းနေရင်း နောက်ခုံမှလူရဲ့ ဩရှရှနဲ့ပြောသံကိုကြားလိုက်ရတယ်။

သူ့မျက်နှာကိုကြည့်လိုက်တော့ ခုနကရန်ပွဲကရခဲ့တဲ့ ဒဏ်ရာလား မနေ့ညက ရခဲ့တဲ့လက်ကျန်ဒဏ်ရာလား မသဲကွဲတဲ့ ဒဏ်ရာအနည်းငယ်ရှိနေတယ်။ ဒါပေမယ့် ကြည့်ရသလောက် မနေ့ကလောက်တော့ အခြေအနေမဆိုးတော့ပါဘူး။

"သေစမ်း သူတို့လိုက်လာပြီ"

ကျွန်တော့်နောက်သို့‌အမှီလိုက်လာတဲ့ ဆိုင်ကယ်တွေကို နောက်ကြည့်မှန်မှတစ်ဆင့်မြင်လိုက်တယ်။

!ဒီနေ့ကတော့ နားရမယ့်ကံမပါပါလားဟေ့!

နောက်ကလိုက်လာတဲ့ဆိုင်ကယ်တွေက ကျွန်တော်တို့ကိုကျော်ပြီးသွားမယ့်ပုံတော့မပေါက်ဘူး။
ကျွန်တော်လည်း ဆိုင်ကယ်ကိုအရှိန်မသတ်ပဲ လမ်းကြမ်းကျဉ်းကျဉ်းလေးထဲသို့ ကွေ့ချလိုက်တယ်။
ကျွန်တော့်ဆိုင်ကယ်က တောလမ်းမောင်းဆိုင်ကယ်ဆိုတော့ ဒီလိုလမ်းကြမ်းမှာ ကျွန်တော့် skill နဲ့ဆိုလို့ကတော့ အနောက်ကလိုက်လာတဲ့ကောင်တွေကို မျက်ခြေဖြတ်နိုင်မှာ သေချာတယ်။

"သတိထား!!"

Kinn ၏ အသံကို ဆိုင်ကယ်လေတိုးသံများကြားမှ တစ်စွန်းတစ်စကြားလိုက်ရတယ်။ သူရဲ့ လက်တစ်ဖက်က ကျွန်တော့ခါးကို ဖက်ထားကာ ကျန်တစ်ဖက်က ဆိုင်ကယ်နောက်ဖက်ကို ကိုင်ထားလေတယ်။

"သေချာကိုင်ထား"

ကျွန်တော် သူ့ကိုပြောပြီး ဆိုင်ကယ်ကိုအရှိန်တင်လိုက်တယ်။ ထိုအခါ ကိုယ်တော်ချောက လက်နှစ်ဖက်စလုံးဖြင့်ကျွန်တော့်ခါးကို တင်းတင်းဖက်ကာ သူ့မျက်နှာကို လေမတိုးအောင် ကျွန်တော့ကျောပေါ်သို့ မျက်နှာအပ်ထားလိုက်လေတယ်။

"တော်သေးတာပေါ့ ငါ မသေသေးဘူးပဲ"

ဘေးဘီကိုကြည့်ရင်း အသံဩရှရှဖြင့် ဆိုလာသူ ... နောက်ကလိုက်လာတဲ့ ဆိုင်ကယ်တွေမျက်စပြတ်သွားတာသေချာပြီဆိုတော့မှ ကျွန်တော်လည်းဆိုင်ကယ်ကို အရှိန်သတ်လိုက်တယ်။

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz