အခန်း ၂၉။ အဆုံးသတ်

373 28 1
                                    

Porsche POV

"‌ထွက်သွားပါ..ကျေးဇူးပြုပြီး!"

"Porsche!
အခုချက်ချင်းထွက်လာခဲ့!"

အခန်းအပြင်ဘက်ဆီမှ Temနဲ့ Kinnရဲ့အသံတို့ ရှေ့ဆင့်နောက်ဆင့် ထွက်ပေါ်လာကြတယ်။ Temက Kinnကို နှင်လွှတ်နေပေမယ့် Kinnကတော့ ဆဲဆိုအော်ဟစ်ကာ ကျွန်တော့် နာမည်ကိုသာ တကြော်ကြော်အော်ခေါ်နေခဲ့တယ်။

သူ ဒီလို တရစပ် ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ်ဆဲဆိုနေတာမျိုး ကျွန်တော် တစ်ခါမှ မကြားဖူးဘူး။ သူက ကျွန်တော်နဲ့ သိပ်မဝေးတဲ့ နေရာမှာရှိနေတယ်ဆိုတဲ့ အသိနဲ့တင် ကျွန်တော့်ကို အားနည်းစေတယ်။ ရင်ဘတ်ထဲမှာ ဆန်တက်လာတဲ့ တရွရွခံစားချက်ကြောင့် လူက နေရတာ အဆင်မပြေတော့....

သူ့ရဲ့ အသံကြားရုံနဲ့တင် ကျွန်တော် နေမထိ ထိုင်မသာ ဖြစ်နေပြီ။

"ဒုန်း!"

အိပ်ခန်းတံခါးကို ပြင်းပြင်းထန်ထန် ထုရိုက်လာစဉ်မှာတော့ ကျွန်တော် မှင်သပ်သွားမိတယ်။ ကျွန်တော့်အတွေးထဲမှာ တစ်ချိန်လုံး မြင်ယောင်နေမိတဲ့ သူ့ရဲ့မျက်နှာကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး အဲ့ဒီအစား စိုးရိမ်ပူပန်မှုက အစားထိုး ‌လှုံ့ဆော်လာခဲ့တယ်။ ကျွန်တော် သူနဲမျက်နှာချင်းဆိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလေ....

ကျွန်တော် သူ့မျက်နှာကို မမြင်ချင်သလို ခံစားချက်တွေ အုံကြွလာတာမျိုး မဖြစ်စေချင်‌ဘူး။ နောက်ထပ်လည်း ဘာခံစားချက်မှ ထပ်မရှိချင်တော့ဘူး။

"Porsche! မင်း အထဲမှာရှိနေတာ ကိုယ်သိတယ်နော်!..."

သူက ဒေါသတကြီး အော်ဟစ်လာခဲ့တယ်။ ကျွန်တော် အောက်နှုတ်ခမ်းကို ခပ်တင်းတင်း ဖိကိုက်ထားရင်း အသက်ပြင်းပြင်းရှိုက်ရှူကာ ဝုန်းဒိုင်းကြဲလှောင်မြှိုက် နေတဲ့ ခံစားချက်အစုံကို အတတ်နိုင်ဆုံး ငြှိမ်းသတ်နေမိတယ်။

"Khun Kinn! ကျွန်တော် လုံခြုံရေး ခေါ်လိုက်မှာနော်!
ကျေးဇူးပြုပြီး ထွက်သွားပေးပါ!"

Temရဲ့ ဒေါသတကြီး တားဆီးနေသံ....

"ဒုန်း! ဒုန်း!"

FreeFall (Unicode +Zawgyi) (Completed)Donde viven las historias. Descúbrelo ahora