အခန်း ၂၈။ မေးခွန်းများ

321 30 6
                                    

Porsche POV

"ဒုန်း!!!"

အရှေ့က မြင်ကွင်းက ကျွန်တော့်ရဲ့ သည်းခံနိုင်စွမ်းကို အဆုံးစွန်ထိတွန်းပို့လိုက်ပြီ။ အခန်းတံခါးကို အသံမြည်အောင် ခပ်ကြမ်းကြမ်း ဆောင့်ပိတ်လိုက်ပြီး ကျွန်တော် ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာခဲ့တယ်။

ကျွန်တော် ထွက်လာတဲ့အချိန်မှာ ဆိုဖာပေါ်က အလျင်စလို ထရပ်လိုက်တဲ့ Kinnကို မြင်လိုက်ရပေမယ့် သူ ကျွန်တော့် အနောက်က လိုက်လာဖို့တော့ မမျှော်လင့်မိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လိုက်လာမယ့် အရိပ်အယောင်မှ မမြင်ရတာ...

ပရမ်းပတာ တုန်ရီ‌နေသော ရင်အစုံဖြင့် အိမ်အပြင်သို့ ထွက်လာရာလမ်းတစ်လျှောက်လုံး လက်သီးကို တင်းနေအောင် ဆုပ်ထားမိသောကြောင့် လက်ဆစ်များပင် သွေးမလျှောက်တော့သလို ဖြူဖွေးလို့နေတယ်။

!ချီးပဲ!

အလေးတုံးတစ်ခုခုနဲ့ ရက်ရက်စက်စက် အညှာအတာမရှိ ရိုက်ချခံရသလို ကျွန်တော်ခံစားနေရတယ်။

သူသာ ကျွန်တော့်အနောက်ကလိုက်လာပြီး ခုနက မြင်လိုက်ရတဲ့ မြင်ကွင်းက နားလည်မှု လွဲနေရုံသပ်သပ်ဖြစ်ကြောင်း နည်းနည်းလောက် ရှင်းပြပေးမယ်ဆိုရင်တောင် ကျွန်တော် သူ့စကားကို နားထောင်ပေးမိဦးမှာ.....

ကျွန်တော်က ထိုင်းဒရာမာဇာတ်ကားတွေထဲက ဇာတ်ဆောင် မင်းသားတွေလို ဇီဇာကြောင်ပြီး အလွန်အကြူး ဒရာမာတွေ ခင်းနေရတဲ့ အဖြစ်မျိုး တကယ်မဖြစ်ချင်ပါဘူး။

စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ခပ်ဖြေးဖြေး လမ်းလျှောက်နေရင်း ခုနကမြင်ခဲ့ရတဲ့ ပုံရိပ်အကြောင်း ပြန်စဉ်စားနေမိတယ်။ ကျွန်တော်တို့ မျက်လုံးနဲ့ မြင်ရတာတွေက တစ်ခါတစ်ရံ မှားယွင်း တိုက်ဆိုင်သွားတာမျိုး ဖြစ်နိုင်တာကြောင့် ..  ဖြစ်နိုင်ချေရှိတဲ့ အကြောင်းပြချက်မျိုးစုံကို လျှောက်တွေးနေမိတယ်....

ကျွန်တော့်အနောက်က လိုက်လာပြီး ရှင်းပြဖို့ စိတ်ကူးမရှိတဲ့ Kinnကြောင့် ခံစားရတဲ့ နာကျင်မှုကတော့ အလူးအလဲပဲ။ ဒီမြင်ကွင်းက အမှန်ဖြစ်နေလို့ ရှင်းပြစရာမလိုတာ ဒါမှမဟုတ် ရှင်းပြစရာ မလိုလောက်အောင်ကို ကျွန်တော်က သူ့အတွက် သောက်ရေးမပါတာ....

FreeFall (Unicode +Zawgyi) (Completed)Où les histoires vivent. Découvrez maintenant