အခန်း ၁၉။ လမ်းပျောက်ခြင်း

390 22 0
                                    

Porsche POV

ကောင်းကင်တစ်ခွင်၌ အလင်းရောင်သဲ့သဲ့က တစ်ဖြည်းဖြည်း ချင်းနှီးဝင်ရောက်လာခဲ့တယ်။ အချိန်ဘယ်လောက်ကြာ အိပ်ပျော်သွားမှန်းမသ်သလို အခု ဘယ်အချိန်ရောက်နေပြီလဲဆိုတာလည်း မခန့်မှန်းတတ်တော့။ မနေ့ကထက်စာရင်တော့ ခန္ဓာကိုယ်က ပိုပြီး သက်သောင့်သက်သာရှိလာတယ်။ နာကျင်ကိုက်ခဲမှုတစ်ချို့ ကျန်ရှိနေပေမယ့်လည်း....

"နိုးပြီလား?"

ကျွန်တော့်ကျောဘက်ဆီမှ ဩရှရှအသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ အနောက်မှ သိုင်းဖက်ကာ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားတဲ့ Kinn...သူရှူထုတ်လိုက်တဲ့ လေနွေးနွေးက ကျွန်တော့်လည်တိုင် အနောက်ဖက်ကို ခပ်မှန်မှန်လာရောက်ထိခတ်လို့နေတာကြောင့် ရွစိရွစိနဲ့ ယားယံလာသလို..

"......"

"အိပ်လို့ပျော်ရဲ့လား?"

"အင်း"

ငြင်ငြင်သာသာ မေးလာသူကို ကျွန်တော် ခပ်တိုးတိုး အဖြေပြန်ပေးလိုက်တယ်။ ဝန်မခံချင်ပေမယ့် သူရဲ့ ထွေးပွေ့မှုက အရမ်းကို နွေးထွေးပြီး ရုန်းမထွက်ချင်လောက်အောင် သက်သောင့်သက်သာရှိတာတော့ အမှန်ပဲ။

"နိုးရင်ထတော့လေ....မင်းဖိထားတဲ့ ကိုယ့်လက်ကကျင်နေပြီ"

Kinnက စနောက်သလိုပြောလာတယ်။

"ငါ့လက်ကို အရင်လွှတ်ပေးလေ... အဲ့ဒါမှ ထလို့ရမှာပေါ့"

ကျွန်တော် သူ့လက်ကို ခါထုတ်လိုက်ပြီး ခပ်မြန်မြန်ထထိုင်လိုက်တောါ Kinnက သဘောတကျဖြင့် ခပ်တိုးတိုးရယ်လိုက်ပြီး လှဲနေရာမှ ထကာ အကြောဆန့်နေတော့တယ်။ ခဏနေတော့ မတ်တပ်ထရပ်ပြီး မြေပြင်ပေါ်က သူ့ ရဲ့ ရှပ်အင်္ကျီကိုကောက်ယူ ဝတ်လိုက်တယ်။ ပြီးတော့ ကျွန်တော့် အင်္ကျီကိုပါ ကောက်လိုက်ပြီး ကျွန်တော့်ဆီ ပစ်ပေးလာတယ်။

ကျွန်တော် အင်္ကျီကို လေထဲမှာပဲ လှမ်းဖမ်းလိုက်ပြီး ချက်ချင်းဝတ်ကာ ဂူပေါက်ဝနားထိရောက်နေပြဖြစ်တဲ့ Kinnရဲ့နောက်ကို လိုက်ဖို့ပြင်တော့တယ်။

"ဘယ်သွားမလို့လဲ?"

"ရာသီဥတုအခြေအနေကြည့်မလို့၊ ဒီမှာပဲစောင့်နေ၊ ကိုယ်ပြန်လာခဲ့မယ်"

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz