Porsche POV
"ဘာပြောလိုက်တယ်"
"မိသားစုကြီးရဲ့ အာဏာက ပြိုလဲတော့မယ် Porsche!"
Vegas ဆီက ထွက်ကျလာတဲ့ စကာလုံးကြောင့် ကျွန်တော် သူ့ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတယ်။ ရေသေလို တည်ငြိမ်နေတဲ့ သူ့မျက်လုံးတွေထဲမှာ ဖမ်းရခက်တဲ့ အရိပ်အယောင်တစ်ချို့ရှိနေတယ်။
Vegas က ကျွန်တော့်ကို တည်တည်ငြိမ်ငြိမ်ကြည့်နေပြီးမှ...
"စကားပုံတစ်ခုကြားဖူးလား...
'A mirror to your face, a prickle to your nape' တဲ့"(T/N -
အာရပ်စကားပုံပါ..ကိုယ့်ရှေ့မှာတော့ ကြည်လင်နေတဲ့ မှန်တစ်ချက်လို ကိုယ့်အပေါ်အရမ်းကောင်းပြပြီး..နောက်ကွယ်မှာတော့ ကိုယ့်ကို မကောင်းကြံ၊ နောက်ကျောကို ဓားနဲ့ ထိုးတတ်တဲ့လူမျိုး..မျက်နှာ နှစ်ဖက်ရှိတဲ့ သူမျိုးကိုပြောတာပါ...
Vegas က မိသားစုကြီးကိုဒီစကားပုံနဲ့ ရည်ညွှန်းပြီး ပြောပေမယ့် သူကိုယ်တိုင်လည်း အဲ့လိုလူမျိုးဖြစ်နေတယ်ဆိုတာတော့ မေ့နေတာထင်တယ်)"ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့ ပြောစရာရှိတာကို ဒဲ့ပြောလိုက်..."
"မင်း သိသင့်တာတွေကို ပြောပြနေတာနော်"
Vegas က ညစ်ကျယ်ကျယ်အပြုံးဖြင့် ပြောလာချိန်..
ကျွန်တော်ကတော့ ဆွံ့အနေပြီး မေးခွန်းပေါင်းမျာစွာက ခေါင်းထဲမှာ တဝဲလည်လည်...."မင်း Peteဆီက အကူအညီတောင်းထားတယ်ဆို..ဘယ်လိုလဲ အဆင်ပြေရဲ့လား?"
သူရဲ့ အရှိန်အဝါအပြည့်နဲ့အသံ၊ စကားလုံးအသုံးအနှုန်း၊ ဘာကိုမှ ဂရုမစိုက်တဲ့ အမူအရာတွေက လူတစ်ယောက်ကို သွေးဆောင်ညှိနှိုင်းတဲ့ နေရာမှာ ဆရာတစ်ဆူပဲ ဆိုတာကိုပြသနေတယ်။ အခုပဲကြည့်... သူရဲ့ ပုံစံကြောင့် ကျွန်တော်သက်သောင့်သက်သာမရှိတာမျိုး မဖြစ်ဘဲ အဲ့ဒီအစား သူနဲ့ အပေးအယူ တစ်ခုခု လုပ်ချင်လာသလို...
ကျွန်တော် သူ့ကို ပြန်မပြောနိုင်ဘဲ တုံ့ဆိုင်းနေမိတယ်။
"မိသားစုကြီးကို ဘယ်လိုမြင်လဲ Porsche?
အပြစ်ကင်းတယ်၊ အများအကျိုးသယ်ပိုးတယ်၊ ပြီးတော့ Peteလို စိတ်သဘောထားပြည့်ဝတယ်...အဲ့လိုထင်လား ဟမ်?"
![](https://img.wattpad.com/cover/341236727-288-k395176.jpg)
YOU ARE READING
FreeFall (Unicode +Zawgyi) (Completed)
ActionThis is a fan translation of KP novel.........