အခန်း ၄၁။ အမှန်မဟုတ်ခဲ့ရင် (Zawgyi)

50 3 0
                                    

Porsche POV

"ငါထင်သားပဲ!"

ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် စိတ်ရှုပ်ထွေးခြင်း၊ ဝမ်းနည်းခြင်းစတဲ့ ခံစားချက်ပေါင်းစုံ ထိုးနှက်လာမှုနှင့်အတူ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့ပြီ။

ကျွန်တော် Kinn ဆီက တစ်ခုပဲ တောင်းဆိုခဲ့တာ...
ကျွန်တော့် အပေါ် ရိုးသားပေးဖို့ တစ်ခုတည်း...
ကျွန်တော် သူကိုယုံကြည်ခဲ့တယ်။ သူပြောသမျှကို မျက်လုံးစုံမှိတ်ပြီး ယုံကြည်ပေးခဲ့တာ။ အခုတော့ ကျွန်တော် ပြန်ရလိုက်တာက လှည့်ဖြားမှု သပ်သပ်ပဲပေါ့...

Kinnက Peteကို Vegas ရဲ့ သားရဲတွင်းဆီ တစ်ယောက်တည်း ခုန်ချခိုင်းရုံတင်မက...သူလိုချင်တာရဖို့အတွက် ဘာမဆိုချနင်းဖို့ အသင့်ဖြစ်နေတဲ့လူမျိုး....

Kinnရဲ့ ရူးသွပ်မှုကြောင့် Peteတစ်ယောက် သေမလိုဖြစ်သွားတုန်းကလည်း ကျွန်တော် ရင်နာခဲ့ရတယ်။ အခုတော့ ကျွန်တော့်အိမ်နဲ့ မိဘတွေကိစ္စပါ, ပါဝင်လာခဲ့ပြီ။ ရူးချင်စရာပဲ!

"မင်း ငါ့ကို တစ်ချိန်လုံး အရူးလုပ်နေတာပဲ, Kinn!"

အဆက်မပြတ် ကျဆင်းနေသော မျက်ရည်စများကြောင့် ကျွန်တော့်အမြင်အာရုံတွေ မှုန်ဝါးလာခဲ့ပြီ။ သူ့ရှေ့မှာ နောက်ထပ်တစ်ကြိမ် ဆောက်တည်ရာမရ ပြိုလဲနေပြန်ပြီ။

လက်တစ်ဖက်က ဆံပင်တွေကို တင်းတင်းဆွဲဆုပ်ထားရင်း နောက်လက်တစ်ဖက်က ရှပ်အင်္ကျီကို ဆုပ်ကိုင်ထားရင်း...
တကယ်ပဲ ရင်နာရတယ်။ ရင်းနှီးတဲ့ ခံစားချက်နဲ့တကွ မကျက်သေးတဲ့ ဒဏ်ရာဟောင်းက တစ်ဖန် ပြန်ပွင့်လာသလို...

"Porsche! ကိုယ်တောင်းပန်ပါတယ် အဲ့ဒါတွေအားလုံးက အတိတ်မှာ ကျန်ခဲ့ပြီလေ"

Kinnတစ်ကိုယ်လုံးလည်း သိသိသာသာ တုန်ယင်နေခဲ့တယ်။ ကျွန်တော် ဒီလောက်ထိ ပြိုလဲသွားလိမ့်မယ်လို့ သူမထင်ထားခဲ့တာဖြစ်လောက်မယ်။ ပထမအကြိမ် ကျွန်တော် အခုလို ပြိုလဲခဲ့ချိန်က သူ ကျွန်တော့်ကို ဆုံးရှုံးရမလိုဖြစ်သွားတာကြောင့်....သူလည်း တုန်လှုပ်နေမှာတော့ အမှန်...

"အဲ့ဒီအိမ်က ငါ့မိဘတွေ ချန်ထားရစ်ခဲ့တဲ့ တစ်ခုတည်းသော မှတ်ဉာဏ်၊ တစ်ခုတည်းသော ပိုင်ဆိုင်မှု.. အဲ့ဒါကို အသုံးချပြီး မင်း ငါ့ကို ခြိမ်းခြောက်ခဲ့တယ်..မင်းငါ့ကို.ဘယ်လိုစိတ်နဲ့များ လုပ်ရက်ရတာလဲ!"

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz