အခန်း ၂၃။ ပယ်ဖျက်ခြင်း⚠️

1.1K 30 2
                                    

*** သတိပေးချက်****

ဤအခန်းတွင် အသက်မပြည့်သေးသောသူများအတွက် မသင့်လျော်သော အသုံးအနှုန်းများ၊ အပြုအမူများ၊ လိင်ဆက်ဆံခြင်း စသည့်အကြောင်းအရာများ ပါဝင်သောကြောင့် အသက်၁၈နှစ်အောက်နှင့် အထက်ပါအကြောင်းအရာများကို မနှစ်သက်သူများ မဖတ်ကြဖို့ အကြံပြုပါရစေ။

Porsche POV

"ငါ တစ်ခြား ဘယ်သူနဲ့မှ လုပ်လို့မရတော့ဘူး~~~"

"ငါ့ဟာက ဘယ်သူကြောင့်နဲ့မှ မာ,မလာနိုင်တော့ဘူးလို့!"

ကျွန်တော် ခေါင်းမော့ပြီး Kinnမျက်လုံးတည့်တည့်ကို စိုက်ကြည့်နေမိတယ်။ သူက ဘာစကားမှ မပြောနိုင်ဘဲ အချိန်အတော်ကြာအထိ ငြိမ်သက်နေပြီးမှ ကျွန်တော့် လက်ကောက်ဝတ်ကိုဆွဲကာ အခန်းအပြင်သို့ ခေါ်ထုတ်လာတော့တယ်။ ဦးတည်ရာက အပေါ်ထပ်ရှိ သူ့အခန်းဆီသို့...

အပေါ်ထပ်တက်လာတဲ့ တစ်လျောက်မှာ အံအားသင့်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေကြ‌တဲ့ သက်တော်စောင့်တွေရဲ့ အကြည့်ကို လျစ်လျူရှုထားရင်းပေါ့....

"ဒုန်း!"

Kinnက အခန်းတံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ပြီး လော့ခ်ချကာ ကျွန်တော့်ဘက်သို့ ‌လှည့်ကြည့်လာခဲ့တယ်။ ကျွန်တော်ကတော့ ခုနက အခန်းထဲမှာ ပြောခဲ့တဲ့ စကားကိုပဲ အသိစိတ်မဲ့စွာ အတင်းအကြပ် ဆက်ပြောနေမိတယ်။

"ငါ့ဟာက ဘယ်သူ့ကြောင့်နဲ့မှ မာ,မလာနိုင်တော့ဘူးလို့!"

ကျွန်တော် သူ့မျက်လုံးဆီမှ အကြည့်မလွှဲမိ....

ကျွန်တော့်ရဲ့ စကားအဆုံးမှာ ဖြတ်ခနဲလက်သွားတဲ့ သူ့မျက်လုံးထဲက အရိပ်အယောင်တစ်ချို့ကို ဖမ်းမိလိုက်တယ်။ သူရဲ့ နူးညံ့နွေးထွေးတဲ့ လက်ဖဝါးတစ်စုံက ကျွန်တော့်ရဲ့ ပါးပြင်ပေါ်ထိကပ်လာခဲ့တယ်။

"မင်း ကျေနပ်ပြီလား! ဟမ်!
မင်းရဲ့ ပုံရိပ်တွေက ငါ့ခေါင်းထဲမှာ တစ်ချိန်လုံး ပြည့်နှက်နေတာ...အဲ့‌နေ့က ပုံရိပ်တွေက အချိန်ပြည့် ငါ့အတွေးထဲကို ဝင်ပြီးနှောက်ယှက်နေတာ...ငါလည်း သေလောက်အောင် မေ့ဖို့ကြိုးစားကြည့်ပါတယ်...မိန်းမတစ်ယောက်နဲ့တောင် အတူနေဖို့ကြိုးစားလိုက်သေးတယ်...ဒါပေမယ့်..ငါမလုပ်နိုင်ခဲ့ဘူး.."

FreeFall (Unicode +Zawgyi) (Completed)Opowieści tętniące życiem. Odkryj je teraz