3

546 40 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၃
(အဆတစ်ထောင်ပြန်အမ်းခြင်း-ကောင်းကင်ကုသဆေးလုံး)

လင်မိုက ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ချလိုက်ပြီး ပထမဆုံးလေလံပွဲကို ကျင်းပရန်ပြင်ဆင်ခဲ့သည်။ချူရှင်းရွာတွင် လေလံအိမ်ကို ပိတ်ထားခဲ့သည်က ကြာပြီဖြစ်သည်။လင်မိုက လေလံပွဲကျင်းပမည့်အကြောင်းကို ရွာသားများအား အသိပေးလိုခဲ့ပြီး လေလံပြန်ပေးစနစ်ကိုလည်း အစပြုချင်နေခဲ့ပြီဖြစ်သည်။
လင်မို၏ ဆုံးဖြတ်ချက်ကို ကြားပြီးချိန်၌ ဦိးလေးဝမ်က အနည်းငယ်အံအားသင့်သွားလေသည်။သူက “သခင်လေး လင်မို.....မင်းရဲ့ဆုံးဖြတ်ချက်က သေချာပြီးလားကွယ်။ငါတို့မှာ လေလံတင်စရာ ပစ္စည်းလည်းမရှိသလို လေလံအိမ်ကလည်း ဗလာသက်သက်ဖြစ်နေတာ ကြာပါပြီ” ဟု ပြောလာလေသည်။
လင်မိုက ခေါင်းငြိမ့်ပြလိုက်သည်။
“မစိုးရိမ်ပါနဲ့ ......ဦးလေးဝမ်။ကျွန်တော်ဘာလုပ်နေမှန်း ကျွန်တော်သိပါတယ်။လေလံတင်ဖို့ ပစ္စည်းတွေလည်း ရှိပါတယ်။
ဒီလေလံပွဲသတင်းကိုသာ သေချာလေးဖြန့်ပေးပြီး လူများနိုင်သမျှများများတက်အောင် ကူညီပေးပါ”
ဦးလေးဝမ်က မယုံသင်္ကာဖြစ်နေသေးသော်လည်း လင်မိုတောင်းဆိုသည်ကိုသာ ဆောင်ရွက်ပေးလေသည်။တချိန်တည်းမှာပင် ရွာခေါင်းဆောင်က လင်မိုဆီသို့ နောက်တကြိမ်လာခဲ့ပြန်လေသည်။
ရွာလူကြီးက လင်မိုဆီကို ကပျာသုတ်တက်ဝင်လာပြီး
“မင်း ခုမှ ခရီးကရောက်လာတာကို မပင်ပန်းသေးဘူးလား။
ငါ့ကို ဘာကိစ္စရှာနေရတာလဲ။” ဟု ပြောလေသည်။
လင်မိုလည်း စကားပလ္လင်ခံမနေတော့ဘဲ လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်လေတော့သည်။
“အကြီးအကဲခင်ဗျာ၊ ကျွန်တော် ဒီချူရှင်းရွာရဲ့ အကြောင်းကို သိချင်လို့ပါ”
“ငါ့အထင်ပြောရရင် မင်းမှာအရေးကြီးကိစ္စရှိနေတယ်......ဟုတ်တယ်မို့လား”
ရွာလူကြီးက လက်ဖက်ရည်ကြမ်းနှစ်ခွက်ကို ငှဲ့လိုက်ပြီး မွှေးရနံ့ဖျော့ဖျော့တစ်ခုက အခန်းထဲတွင် ပျံ့လွှင့်လာသည်။လင်မို ထိုရနံ့မျိုးကို တစ်ကြိမ်တခါမှ မရဖူးချေ။ သင်းရနံ့က အလွန်လတ်ဆတ်လန်းဆန်းနေသည်။
“ဒါက အိမ်ထွက်လက်ဖက်ခြောက်တွေလေ။ မင်းတို့သုံးနေကြတွေလိုတော့ မဟုတ်ဘူး။ဒါကိုတော့ စိတ်ထဲမရှိပါနဲ့။”
လင်မို တစ်ကျိုက်သောက်ကြည့်လိုက်တော့ အရသာက အနည်းငယ်ခါးသည်။ နောက်တွင်တော့ ချို‌ပေါ့အရသာလေးက လိုက်လာပြီး ပါးစပ်ထဲတွင် စွဲကျန်ခဲ့လေသည်။
“ငါ များများစားစားပြောပြဖို့ လိုမယ်မထင်ဘူး......မင်းလည်း ရွာအခြေအနေကို သိပြီးသားပါ။တချို့သူပုန်ဓါးပြတွေကလွဲရင် ဒီရွာကိုလာလေ့ရှိတာဆိုလို့ ကျားနဂါး ကြေးစားအဖွဲ့နဲ့ ဝံပုလွေကြေးစားတပ်ဖွဲ့ပဲ ရှိတယ်”
ချူရှင်းရွာက ရွာငယ်လေးဖြစ်သော်လည်း အချို့မြို့များသို့သွားသည့် လမ်းဆုံတွင် တည်ထားခြင်းဖြစ်သည်။ထို့ကြောင့် တချို့သောပစ္စည်းကောင်းများကို အနီးတဝိုက်နေရာများတွင် ရှာ၍ ရနိုင်သည်။ အမြဲနေထိုင်သူရှားပါးသော်လည်း ရံဖန်ရံခါ ကြေးစားအဖွဲ့များလည်း ယာယီလာနေလေ့ရှိကြသည်။
ကြေးစားအဖွဲ့နှစ်ဖွဲ့လုံး၏ ခေါင်းဆောင်များမှာ အဆင့်ခြောက်ပတ်လည်တွင် ရှိကြပြီး ရွာလူကြီးထက် သေချာပေါက်အဆင့်မနိမ့်ကြချေ။
ရွာလူကြီးက လင်မို၏ လေလံပွဲကျင်းပမည့်အကြောင်းကို ကြားရတော့ ဤသည်က အကြံကောင်းဟု မထင်ပေ။
“မင်း သူတို့ကိုရော ဖိတ်ချင်လို့လား......”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now