12

392 28 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၁၂
(ပုန်းကွယ်နေသော အန္တရယ်များ)

တိမ်တိုက်တည်းခိုရိပ်သာသည် ချူရှင်း ရွာနီးစပ်ပတ်လည်တွင်ရှိသော တစ်ခုတည်း‌ေသာ တည်းခိုရိပ်သာဖြစ်သည်။
ညအချိန်တွင် တည်းခိုဆောင်သို့ ဧည့်သည်တစ်စုရောက်လာလေသည်။သာမန်အဝတ်အစားများပင် ဝတ်စားထားကြသော်လည်း သူတို့မျက်နှာကတော့ လူသတ်လို့သည့်အရိပ်အယောင်များ ဖုံးလွှမ်းနေပေသည်။အမှန်တကယ်တွင်လည်း လက်တွင်အကြိမ်ကြိမ်သွေးစွန်းဖူးသူများဖြစ်ကြ၍ ထိုသို့သောအရိပ်အယောင်ထွက်နေသည်က မဆန်းကြယ်ပေ။

တည်းခိုဆောင်အလုပ်သမားက ကြောက်ရွံ၍ ထောင့်တစ်ထောင့်တွင်ပုန်းလေသည်။စားပွဲထိုးလေးက‌လည်း ဟင်းခွက်များချပြီးသည်နှင့် ထောင့်တစ်ထောင့်တွင်ပုန်းလေတော့သည်။ထိုသူအပေါင်း အာရုံစိုက်မိမှာကို သေမတတ်ပင်ကြောက်ရွံ့နေလေသည်။

ထိုသူများကလည်း သူတို့၏မူလပစ်မှတ်မှာ ဤနေရာမဟုတ်၍ ဖြစ်ပျက်နေသောပြဿနာများကို အရေးပင်မစိုက်ချေ။သေရည်များကိုသာ အမူးသောက်ပြီး အစားကို ပလုတ်ပလောင်းစားနေကြလေသည်။ဤသည်ကပင် လူသတ်မည့်အရိပ်အငွေ့များ သန်းနေလေသည်။

ထိုလူအုပ်၏ခေါင်းဆောင်ဖြစ်ဟန်ပေါ်သူ၏မျက်နှာတွင် ကန့်လန့်ဖြတ်ထားသော အမာရွက်ကြီးက ရှိနေပြီး ကင်းခြေများတစ်ကောင်နှင့်ပင်တူလေသည်။တချက်ကြည့်ရုံနှင့်ပင် ရက်စက်ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသူများသိသာစေသည့်အပြင် မျက်လုံးများကလည်း လူသတ်ငွေ့များ လျှံကျနေ
လေသည်။

“အဲ့ကောင်လေးက တကယ်ကံကောင်းတာပဲ။ တောထဲမှာ အသတ်ခံရပြီးတာတောင်မသေတာ ငါတကယ်မယုံနိုင်ဘူး”

“လင်မို မှာ ထူးခြားတာတွေရှိတာကို သူတို့မသိလို့နေမှာပေါ့။ အဲ့တာကြောင့် ဓါးပြတိုက်ရုံပဲ တိုက်တာနေမှာ။အသုံးမကျလိုက်တဲ့ကောင်တွေ”

ဤလူသိုက်ကြီးက အရင်တကြိမ်က လင်မို အား ဓါးပြတိုက်ခဲ့သည့်လူများအဖွဲ့မှ ဓါးပြများဖြစ်လေသည်။အများအမြင်တွင် လင်မို အား ဓါးပြလာတိုက်ကြသည်ဟု ထင်ရပုံပေါ်သော်လည်း အမှန်စင်စစ်ကမူ သူ့အား ကူညီထောက်ပံ့ပေးရန်လာရခြင်း ဖြစ်သည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now