30

326 22 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၃၀
လမ်းမပေါ်က သတ်ပွဲ

ကျူးကျော်သူက သေချာလေ့ကျင့်ပေးထားသော လုပ်ကြံရေးသမားတစ်ယောက် ဖြစ်သည်။ သူသည် လင်မိုအား ကြောက်ရွံခြင်းမရှိဘဲ သူ့စိတ်အား ပြန်ထိန်းလိုက်လေသည်။
"တော်ချင်ယောင် လာဆောင်ပြမနေနဲ့ ....."
သူရထားသော သတင်းများအရ လင်မိုက ထူးခြားပြီး ကျွမ်းကျင်နေသည့်အရာ မရှိပေ။ ကံကောင်းခဲ့သော တိုက်ပွဲများသာ ရှိလေသည်။ သူလို့ လုပ်ကြံရေးသမားက လင်မိုကဲ့သို့ အရှုံးသမားကို မကိုင်တွယ်နိုင်စရာ အကြောင်းမရှိပေ.။

သူက သူ့ခန္ဓာကိုယ်မှ ဝိဉာဉ်အင်အားများအားလုံးကို စုစည်းလိုက်ပြီး လင်မိုရှိရာသို့ တိုက်ခိုက်လိုက်လေသည်။ သို့သော်လည်း မျက်တောင်တခတ်အတွင်းမှာပင် အရိပ်လေးက ပျောက်ကွယ်သွားလေသည်။ သူ၏ တိုက်ခိုက်မှုက လွဲသွားပြန်လေသည်။

လင်မို၏ လှုပ်ရှားမှုနည်းလမ်းများက သေသပ်မြန်ဆန်လှပြီး လုပ်ကြံရေးသမားဖြစ်သော သူသည်ပင်လျှင် ထိတ်လန့်လာရသည်။

"ဒါ ဘယ်လိုလှုပ်ရှားမှုကျင့်စဉ်နည်းစနစ်လဲ.....?"
လုပ်ကြံရေးသမားက သူ၏တိုက်ခိုက်မှုကို ရပ်လိုက်လေသည်။ လင်မိုက သူအား ခုခံလျှငိတောင် သူပြန်မတိုက်ခိုက်နိုင်စရာ အကြောင်းမရှိပေ။ နောက်ထပ်တိုက်ခိုက်စရာလည်း လိုမည်မဟုတ်တော့ပေ။
လျှပ်တပြက်အရိပ်များကလည်း ဘေးပတ်လည်တွင် တရိပ်ရိပ်ပြေးနေလေသည်။ ရယ်သံတိုးတိုးပါ ကြားနေရသည်မို့ သူက သတိကပ်ကာ စောင့်ကြည့်သော်လည်း လင်မိုအား မမြင်ရပေ။

"မင်း ဘာကိစ္စ ပုန်းနေရတာလဲ...........?" ဟု သူက ဒေါသတကြီးအော်လေတော့သည်။
လုပ်ကြံသူက ထိုသို့ မာနအားစွကာ အော်ပြီးလေတော့ သူ၏ မျက်စိထောင့်မှ အရိပ်မည်းလေးအား ဖျတ်ခနဲမြင်လိုက်ရလေသည်။ လုပ်ကြံသူကလည်း သူ၏အင်အားအားလုံးကို စုစည်းကာ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။ သွေးဆာနေသော ကျားတစ်ကောင်လိုပင် ရန်စွယ်နှင့်ငေါငေါ ဖြစ်နေချေပြီ.

"အုန်း........"

လင်မိုက မည်သည့်နေရာတွင်ရှိနေသည် မသေချာသော်လည်း နံရံကမူ အပေါက်ကြီး ဖြစ်သွားလေချေပြီ။
လုပ်ကြံရေးသမားက လက်သီးချက်များကို ဆက်လက်ကာ ပစ်သွင်းနေသော်လည်း လင်မိုကိုမူ မထိချေ။ သူသည်သာလျှငိ ခြေကုန်လက်ပန်းကျလာလေသည်။
"ဖှုန်ထွက်ခြင်းခြေလှမ်း"သည် အမှန်တကယ်ပင် အစွမ်းထက်သော လမ်းစဉ်ဖြစ်သည်။လင်မိုသည်ပင် အံချယူရသည်အထိပင်။ လုပ်ကြံရေးသမားသည်လည်း အမှန်က မညံ့ဖျင်းပေ။ သူက ညစ်နေသောကြောင့်သာ ထိုသို့ခံနေရခြင်းဖြစ်သည်.။
လုပ်ကြံရေးသမား၏ လက်သီးချက်များကတော့ လွဲနေတုန်းပင်။ လင်မိုက ထပ်ကာ လှောင်ရယ်လိုက်လေသည်.။
"တော်လောက်ပြီ......." တင်းမာသော တားမြစ်သံက ခပ်တိုးတိုးထွက်လာလေသည်။
လုပ်ကြံရေးသမားက အခြေအနေမှန်ကို နားလည်လိုက်ပြီဖြစ်သည်။ ကြောင်တစ်ကောင်က ကြွက်အား မသတ်ခင် ကစားသကဲ့သို့ သူ့အား လင်မိုက အရူးလုပ်ကစားနေခြင်းပင် ဖြစ်သည်။ သူတွင် အန္တာရယ် ရှိနေမှန်း ရိပ်စားမိလိုက်လေပြီ။ ဆောင်းလေလို အေးမြမှုက သူ့နောက်ကျောဘက်တွင် ပေါ်ပေါက်လာလေသည်။ သူမခုခံနိုင်တော့ပေ. .....လက်နက်ချရန်သာ ရှိတော့မည်။
သူ့စိတ်ထဲတွင် ရှိနေသည့် တစ်ခုတည်းသောအရာက ထွက်ပြေးရန်ပင် ဖြစ်သည်. ။ အကြံအတိုင်း အားသွန်ခွန်စိုက်ပြေးသော်လည်း လင်မို၏ အပြေးနှုန်းကိုတော့ မမှီချေ။
စက္ကန့်ပိုင်းအတွင်းမှာပင် လင်မိုက သူ့အား ဖမ်းမိသွားလေသည်။ မိမိအရိပ်မှ လွတ်အောင်မပြေးနိုင်သကဲ့သို့ပင်။
လုပ်ကြံရေးသမားက ဤအလုပ်အား လက်ခံခဲ့မိ၍ နောင်တရနေသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်လေသည်။ သူက သူ့ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိဉာဉ်များအားလုံးကို စက်ဝန်းသဏ္ဍာန် စုစည်းကာ အားကုန်ပြေးလေသည်။ နောက်မှလည်း ရေခဲနှငိးများက သူ့အား ထပ်ကြပ်မကွာ လိုက်လာလေသည်.။ မည်သို့ပင် ကြိုးစားစေကာမူ မလွတ်မြောက်တော့ချေ။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now