82

241 15 0
                                    

အခန်း (၈၂ )ဒုခေါင်းဆောင်အံ့သြတုန်လှုပ်သွားလေသည်။
ထိုအချိန် စနစ်မှအသံထွက်လာလေသည်။
(ဒင်၊ အဆင့်နိမ့်အဆင့်လေးလက်နက်ဥက္ကာပျံတူကို လေလံဆွဲပါသည်)
(အဆသုံးထောင်ကို အောင်မြင်စွာ ပြန်အမ်းလိုက်ပါပြီ)
(အဆင့်နိမ့် အဆင့်ငါးဥက္ကာပျံတူကို ရရှိပါသည်)
(အလယ်လတ်အဆင့်လေးဆေးပင်ကောင်းကင်နှင်းတောင်ကြာကို အောင်မြင်စွာလေလံဆွဲလိုက်ပါပြီ)
(အဆငါးထောင်ကို အောင်မြင်စွာ ပြန်အမ်းလိုက်ပါပြီ)
အလယ်တန်းစားအဆင့်ငါးရေခဲကြာကို ရရှိပါသည်)
လေလံပွဲအပြီးတွင် လင်မိုသည် အဆင့်လေးငါးဆေးလုံးများနှင့် ရှေးဟောင်းပစ္စည်းများကို ရရှိလေသည်။ သို့သော်လင်မိုအတွက် များစွာ အသုံးမဝင်ပေ။
လူတိုင်းမျက်နှာမကောင်းသည်ကို သိသော မြောင်ကျန်းက

”နောက်သုံးရက်နေရင် ထပ်ကျင်းပပေးပါ့မယ်။ လူတိုင်းကို ကြိုဆိုပါတယ်။ ခင်ဗျားတို့အသိတွေကိုလည်း လက်တို့လိုက်ပါအုံးဗျ”

လေလံတင်စရာတွေ အများကြီး ရှိ​နေသေးလေသည်။
လူတိုင်း အံ့အားသင့်ကြလေသည်။သို့သော် ယနေ့တင်ခဲ့သော ပစ္စည်းတို့သည် အဆင့်လေးငါးတို့ပင်ဖြစ်သည်။ ထို့ကြောင့်အမြင့်ဆုံးစျေးသည် ဝိညာဥ်ကျောက်တုံးထောင်ဂဏန်းသာ ရှိလေသည်။ မည်သည့်လေလံပွဲတွင်မျှ မရနိုင်ပေ။
ရှုံးခြင်းမြတ်ခြင်းသည် လေလံပိုင်ရှင်အတွက် အရေးမကြီးပေ။

“ဒီလောက်စျေးချိုမယ်လို့ မထင်ထားခဲ့ဘူး။ လင်မိုရဲ့ လွန်ခဲ့တဲ့ပွဲကဆိုရင် ဝိညာဥ်ကျောက်တုံးငါးထောင်နဲ့ရောင်းခဲ့တာ”

“ပြီးတော့ ဒီကျောက်ဆွဲသီးရောဘဲ။ ဒီနေ့တော့ အပွကြီးပွတာဘဲ”

“ပိုင်ရှင် ဘယ်လိုနေမလဲ။ ဘာကြောင့် အဲလောက်စျေးချိုနေရတာလဲ။ တခုခုများမှားနေလား”

“မင်းဘာကြောင့် ဂရုစိုက်နေမှာလဲ။ အားလုံးကသူဌေးတာဝန်ဘဲ။ ငါတို့ကပိုက်ဆံပေးလိုက်ရင်​ပ ပြီးနေတာဘဲ”

လူတိုင်းသည် အပျော်ကြီးပျော်ကြလေသည် ။ ထိုသတင်းသည် ပျံ့နှံ့သွားလေသည်။

“သခင်လေးပြောတဲ့ အတိုင်းပဲလုပ်ခဲ့တာပါ။ လူ​တော်တော်များများလည်းသိကြရောပေါ့”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now