37

323 24 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၃၇ နဂါးရေကူးခြေလှမ်းနှင့်လေခွင်းပေါက်ချွန်း

လင်မိုသည်တူမိသားစုဆီမှပြန်လာပြီးနောက်သီးသန့်နေ၍စကျင့်လေပြီ။ မဝင်ခင် ဝူကျင်းကိုမှခဲ့လေသည်
“ငါ့ကိုဘယ်သူမှမနှောက်ယှက်စေနဲ့”

သူနည်းနည်းအံ့သြသွားသည်။

“သခင်လေး
ဘာလို့ကျင့်ကြံဖိုအဲလောက်လေနေရတာလဲ”

“ပြီးခဲ့တဲ့လေလံပွဲမှာမြောင်ရန်အတော်ရှုံးသွားတယ်။ သူဒီတိုင်းကြည့်နေမှာမဟုတ်ဘူး။ ဒီလိုဖြစ်သွားတာတူမိသားစုထောင်ချောက်ဆိုပေမယ့်ငါလည်းပါတယ်လို့ထင်မှာဘဲ”

လင်မိုကဆက်ပြောသည်”မိသားစုတစုနဲ့ဖြေရှင်းရတာမိုလွယ်လားလူတယောက်နဲ့ဆက်ဆံရတာပိုလွယ်လား”

ဝူကျင်းတုံ့မဆိုင်းဖြေသည်”ဟုတ်တာပေါ့ လူတယောက်နဲ့ဖြေရှင်းရတာပိုလွယ်တယ်”

သူပြောတဲ့ချိန် သူ့နှလုံးကခုန်ကမမှန်။ မြောင်မိသားစုသည်သူတို့ကိုအမြဲရန်စခဲ့သည် ခုတော့ပို၍ဆိုးလာလေပြီ။
ထို့ကြောင့်တူတို့နဲ့ပေါင်းလိုက်တာပိုကောင်းသောဆုံးဖြတ်ချက်ဖြစ်လေသည်။

လင်မိုခေါင်းညိမ့်သည်။ တည်တည်ငြိမ်ငြိမ်မော့ကြည့်လိုက်သည်။

လင်မိသားစုမှဘာသတင်းမှမကြားရ။ သူတို့အလျောပေးအုံးမည်မဟုတ်။ နောက်ထပ်လုပ်ကြံလိမ့်အုံးမည်။ ထို့ကြောင့်သူ၏စွမ်းအားကိုမြှင့်တင်ထားရမည်။

“ဒီမြို့မှာဖြစ်ပျက်နေတာတွေမျက်ခြေမပြတ်စေနဲ့။ လေလံအိမ်တံခါးကိုသော့မြဲမြဲခတ်ထား။ ခုတလောလူလုံးသိပ်မပြနဲ့။ ငါထွက်လာမှကျန်တာဆွေးနွေးမယ်”

ဝူကျင်းခေါင်းညိမ့်သည်။
“မပူပါနဲ့။ ကျွန်တော်ကြည့်လုပ်လိုက်ပါ့မယ်”
ထိုသို့ဖြင့်လင်မိုစ၍ကျင့်လေသည်။

လျို့ဝှက်အခန်းထဲတွင်လင်မိုတင်ပလေခွေထိုင်၍ငြိမ်ငြိမ်လေးထိုင်လေသည်။ သူ၏သွေးလေကြောတို့တွင်မွန်မြတ်သန့်စင်သောစွမ်းအားတို့စီးဆင်းနေသည်။

အလွန်လျင်မြန်သောငါးနဲ့တူလေသည်။ သွေးလေကြောတို့သည်သူတို့စီးဆင်းရာဖြစ်လေသည်။ လူ့အကြောတို့သည်လွန်စွာရှုပ်ထွေးလေသည်။ အကိုင်းအခက်တို့ဖြင့်ရှုပ်နေသောသစ်ပင်နဲ့တူလေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now