53

267 17 0
                                    

အခန်း၅၃ ဝူယင်းတောင်၊ မြောင်မျိုးနွယ်စုတို့မှလိုက်ခြင်း

ယခုအချိန်တွင်လင်မိုသည် လေလံအိမ်၏လျို့ဝှက်ခန်းထဲတွင်မလေ့ကျင့်တော့ပေ။ချင်ယန်မြို့၏ အရှေ့မြောက်ထောင့်တွင် ဝူယင်းတောင်ရှိလေသည်။ ထိုတောင်တွင်ဝိညာဥ်စွမ်းအားတို့ဖြင့်ပြည့်နှက်နေသော်လည်း လာရောက်သောသူသိပ်မရှိပေ။အဘယ်ကြောင့်ထိုတောင်တွင်အစွမ်းကြီးသောမကောင်းဆိုးဝါးသားရဲကောင်များကျင်လည်သောကြောင့်ဖြစ်လေသည်။ လင်မိုသည်ကျိုးပဲ့သောတိမ်ဓါးသိုင်းကိုလေ့ကျင့်၍ထိုသိုင်း၏အစွမ်းကိုစမ်းသပ်ရန်ဒီနေရာသို့လာခြင်းဖြစ်လေသည်

သူ၏လေလံအိမ်လျို့ဝှက်ခန်းသည်ကျဥ်းလွန်းသောကြောင့်စမ်းသပ်ရန်မဖြစ်နိုင်ပေ။ ဝူယင်းတောင်တွင်နှင်းမြူတို့သည်ဖုံးလွှမ်းနေသည်။ တောင်စဥ်တောင်တန်းတို့သည်စိမ်းလန်းနေ၍နဂါးတကောင်ပမာဖြစ်လေသည်။ ထိုတောင်နဲ့မလှမ်းမကမ်းတွင် ချင်ယန်မြို့၏အစောင့်ပမာဖြစ်သောရှေးဟောင်းမြို့ကိုမြင်နိုင်လေသည်။ မျက်စိတဆုံးကြည့်လိုက်လျှင်လူအရပ်မျှရှိသောသစ်ပင်တို့ကိုသာမြင်နိုင်လေသည်။
လက်ဝါးခန့်မျှအရွက်တို့ဖြင့်ပြည့်နှက်နေ၍ နေရောင်ပင်မြေကြီးသိူ့မခနိုင်ပေ။
လင်မိုသည်တဖြည်းဖြည်းနဲ့တောင်အတွင်းပိုင်းထဲသို့ရောက်ရှိလာသည်။
သူ၏လက်ရှိအစွမ်းအရ ထိုတောနက်ထဲတွင်သူ့ကိုယ်သူကာကွယ်နိုင်စွမ်းရှိလေသည်။
သူမနိုင်လျှင်တောင်မှနဂါးရေကူးခြေလှမ်းသိုင်းကိုအသုံးချ၍လွတ်မြောက်အောင်လုပ်နိုင်လေသည်။

သူ၏လုံခြုံမှုကိုမစိုးရိမ်ရပေ။ တောင်တက်လမ်းတွင်တိတ်ဆိတ်သောနေရာတခုကိုတွေ့ရ၍ တိမ်တိုက်ချိုးဖျက်ဓါးသိုင်းပထမလှုပ်ရှားမှုလေးခုကိုလေ့ကျင့်ရန်စတင်တော့သည်။
ထိုသိုင်းအဆင့်ဆင့်အရ သူ၏စိတ်စွမ်းအားအပေါ်တွင်အာရုံစူးစိုက်လိုက်သည်။
လူတယောက်သည်ခံနိုင်ရည်စွမ်းအားကိုရရှိမှသာလျှင်အောင်မြင်မှုကိုရရှိနိုင်လိမ့်မည်။
စကားပုံတခုရှိလေသည် “လူတယောက်၏တိုးတက်မှုသည်ထိုသူထင်ထားသည်ထက်ပို၍ကြီးကျယ်လေသည်”
ထိုစကားပုံသည် အကြောင်းမဲ့သက်သက်မဟုတ်ပေ။
လင်မိုသည်အိပ်မက်ကမ္ဘာထဲသို့ရောက်သွားသည့်ပမာခံစားရသည်။ သူ၏အမြင်တို့သည်လုံးဝမှောင်မိုက်၍တိမ်မဲတို့သည်လကိုဖုံးလွှမ်းထားလေသည်။
သူ၏လက်ကိုပင်သူမမြင်နိုင်ပေ။
ထိုအချိန်မှုန်ဝါးဝါးအရိပ်တခုသည်ရုတ်တရက်ပေါ်လာလေသည်။
သူ၏မျက်နှာကိုရှင်းရှင်းလင်းလင်းမမြင်ရပေ။ သိူ့သော် သူ၏လက်ထဲတွင်ဓါးရှည်တချောင်းကိုကိုင်ထားသည်ကိုကားမြင်ရလေသည်။ သူ၏ကိုယ်ရောင်ကိုယ်ဝါသည်အံ့အားသင့်စရာကောင်းအောင်ထူးခြားလေသည်။
သူ၏လှုပ်ရှားမှုသည် လျှပ်စီးပမာလျင်မြန်လှသည်။ လင်မိုသည်ထိုလူ၏လှုပ်ရှားမှုတို့ကိုမြင်နိုင်ရန်ကြိုးစားကြည့်သည်။
ထို့နောက်သူ၏လှုပ်ရှားမှုတို့ကိုလိုက်တုပ၍ကျင့်ကြံအားထုတ်လေသည်။
သူ၏မျက်လုံးတို့ကိုပြန်ဖွင့်ချိန်တွင် သူ၏ကိုယ်ရှိန်ကိုယ်ဝါပြောင်းလဲသွားသည်ကိုတွေ့ရလေသည်။
သူသည်အဆင့်ခြောက်သို့အောင်မြင်စွားရောက်ရှိလိမ့်မည်ဟုထင်မထားခဲ့ပေ။ တိမ်တိုက်ချိုးဖျက်ဓါးသိူင်းသည်မနှိုင်းယှဥ်သာအောင်ထူးခြားမြင့်မြတ်လေသည်။
ပထမလှုပ်ရှားမှုလေးခုသာရှိခြင်းသည်သူ့အတွက်လုံးဝနစ်နာမှုဖြစ်လေသည်။
သို့သော်ထိုလေးခုဖြင့်ပင် အင်မတန်ကြီးမားသောပျက်စီးမှုတို့ကိုဖြစ်စေနိုင်လေသည်။
လင်မိုသည်နောက်အပိုင်းကိုအမျှော်လင့်ကြီးမျှော်နေမိတော့သည်။
သူသည်ကောင်းကင်ဥက္ကာပျံဓါးကိုမခေါ်တော့ဘဲ သစ်ရွက်တခုကိုအမှတ်မဲ့ကောက်လိုက်လေသည်။
ထိုသစ်ရွက်သည်သာမာန်မျှသာဖြစ်သော်လည်းသူ၏လက်ထဲရောက်သည်နဲ့အင်မတန်ထူးခြားပြောင်မြောက်သောလက်နက်အဖြစ်သိူ့ကူးပြောင်းသွားလေတော့သည်။
ထိုလက်နက်သည်လေကိုပင်ချက်ခြမ်းခွဲနိုင်လောက်အောင်ထက်မြက်လေသည်။
ထိုလက်နက်သည်မီတာတရာလောက်တွင်ရှိသောသစ်ပင်ကြီးပေါ်သို့ကျသွားရာသစ်ပင်သည်အစိပ်စိပ်အမွှာမွှာကျိုးပဲ့ပျက်စီးသွားလေတော့သည်။
လင်မိုကကောင်းကင်ဥက္ကာပျံသံဓါးကိုစမ်းသပ်ဖို့ခေါ်ဖို့လုပ်နေစဥ်တွင် မနီးမဝေးမှစွမ်းအားတခုကိုခံစားမိလေသည်။
“တယောက်ယောက်လာနေပုံဘဲ”
ထိုအချိန် ဝူယင်းတောင်ခြေရင်းတွင်လူတယောက်၏အရိပ်သည်ရုတ်တရက်ပေါ်လာပြီးချက်ချင်းပြန်ပျောက်သွား၍တောနက်ထဲဝင်သွားလေသည်။
ထိုအချိန်တွင် ထိုလူနောက်မှအလင်းရောင်နှစ်ခုတို့သည်ထပ်ကြပ်မကွာလိုက်ပါသွားလေတော့သည်။
“ငါတို့ကအချင်းချင်းတွေဘဲ။ ဘာလို့တယောက်ကိုတယောက်သတ်နေကြမှာလဲ။ “
အားလုံးသည်ဝတ်စုံအတူတူဖြစ်လေသည်။သူတို့ရင်ဘတ်ပေါ်တွင် မြောင်မျိုးနွယ်စုသင်ကေတကိုချိတ်ထားလေသည်။
သူတို့အားလုံးသည် မြောင်မျိုးနွယ်နဲ့ဆက်စပ်သောမျိုးနွယ်စုအသေးလေးမှအဖွဲ့ဝင်များဖြစ်ကြလေသည်။
သူတို့၏ခွန်အားကိုခန့်မှန်းကြည့်သော်အားမနည်းသည်ကိုတွေ့ရလေသည်။
“မင်းအတင့်ရဲလိုက်တာမြောင်ကျင်း။ မင်းဘာကြောင့်ခေါင်းဆောင်ကိုသစ္စာဖောက်ရဲရတာလဲ။ ဒါလုံးဝခွင့်မလွှတ်နိုင်တဲ့ရာဇဝတ်မှုဘဲ။ မင်းလက်နက်ချလိုက်တော့။ ဒီလိုဆိုမင်းအသက်ကိုချမ်းသာပေးမယ်”
မြောင်ကျင်းသည်သူ့ကိုလှောင်နေသည်ဟုထင်မိသည်။
“ငါဘာအပြစ်ရှိလို့လဲ။ ခေါင်းဆောင်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကိုငါမကြိုက်လို့ငါသူ့ကိုအာခံတာ။ ငါ့ကိုငါသေလုနီးပါးဖြစ်သွားမယ်လို့ဘယ်သူထင်မလဲ။ ဘယ်လိုဟာသမျိုးလဲဗျာ။ “
ထိုစကားကိုကြားသောအခါ ဥပဒေဘက်တော်သားတို့သည်ဒေါသဖြစ်သွားသည်။
“မင်းသေလုနီးပါးဖြစ်တဲ့အချိန်ခေါင်းဆောင်ကိုဘာလို့ချောက်တွန်းရတာလဲ။ အကြီးအကဲတွေကိုစော်ကားမော်ကြွားလုပ်တာမင်းဘဲပေါ့။ ခေါင်းဆောင်ကမင်းကိုအပြစ်သေးသေးလေးဘဲပေးလိုက်တာ။ မင်းကရန်ညိုးထားပြီး‌တော့ရတနာပစ္စည်းတွေကိုယူပြီးထက်ပြေးလွတ်မြောက်သွားမယ်လို့ဘယ်သူထင်မှာလဲ။ “
မြောင်ကျင်းအေးစက်စက်ပြုံးလိုက်သည်။
“မင်းစော်ကားချင်တယ်ဆိုလည်း ‌စော်ကားလိုက်ပါ။ ဘာဘဲဖြစ်ဖြစ် ချင်ယန်မြို့ကမျိုးနွယ်ကြီးလေးခုမှာမင်းကအပါအဝင်ဘဲ။ ဒါပေမယ့် ကျက်သရေမရှိတဲ့အလုပ်ကိုလုပ်ခဲ့တာဘဲ။ မြောင်ရန်ကိုပြောလိုက်သူအစွမ်းအစရှိတယ်ဆိုတရားမျှမျှတတတိုက်ခိုက်မယ်လို့”
“မင်းကတော့မျှော်လင့်ချက်မရှိတော့ဘူး။ မင်းကသခင်လေးကိုမှားယွင်းစွပ်စွဲနေတာဘဲ။ ငါမင်းကိုတချို့လှုပ်ရှားမှုတွေကိုမပြခဲ့ဘူးဆိုရင်မင်းကောင်းကင်နဲ့မြေကြီးရဲ့ကြီးကျယ်ခမ်းနားမှုကိုဘယ်တော့မှသိမှာမဟုတ်ဘူး။”
မြောင်ကျင်းသည်မြောင်မျိုးနွယ်စုတို့တွင်ပါဝင်သောလူမျိုးစုငယ်လေးထဲမှတယောက်ဖြစ်လေသည်။ သို့သော်လူဦးရေနည်းပါးလာမှုကြောင့် မြောင်မျိုးနွယ်ထဲ၌မထင်မရှားပျောက်လုနီးပါးဖြစ်သွားလေသည်။
မြောင်ကျင်းသည်သူ့တက်လမ်းသူဖောက်၍မြောင်မျိုးနွယ်စုတို့မှသတိမထားမိခဲ့ကြပေ။ သို့သော်သူသည်မြောင်ရန်လိုလူမျိုးကြောင်သူတော်ကြွက်သူခိုးကိုတမင်ရန်စခဲ့သည်မဟုတ်ပေ။
မြောင်ကျန့်ကိုမလုပ်ဖို့တားရာမှာသားအဖနှစ်ယောက်မှမုန်းခြင်းကိုခံလိုက်ရလေသည်။
မြောင်ရန်၏နှေက်ယှက်မှုတို့ကြောင့်အခြေအနေအားလုံးသည်ခုလိုဖြစ်လာရလေသည်။
ဟိုလူ၏မျက်နှာမှောင်မဲကျသွားသည်။
“ဒီလိုသစ္စဖောက်နဲ့မင်းဘာကြောင့်လေကုန်ခံပြောနေရတာလဲ။ ဒီလိုခုခံနေမယ်ဆိုရင်ခေါင်းဖြတ်သတ်ပစ်ဖို့ခေါင်းဆောင်ကပြောထားသားဘဲ။ “
ထိုသို့ပြော၍လှုပ်ရှားဖို့အသင့်ပြင်လိုက်သည်။ မီးလိုရဲရဲတောက်နေသောစွမ်းအားကြီးတခုပေါ်လာ၍ပတ်ဝန်းကျင်တခုလုံးသို့အပူချိန်မြင့်တက်သွားစေလေသည်။
ထိုမီးတောက်ကြီးသည်မြောင်ကျင်းကိုရုတ်တရက်တိုက်ခိုက်လေသည်။ မြောင်ကျင်းသည်ဂဠုန်တကောင်ပမာအားနဲ့မာန်နဲ့ခုန်လိုက်လေသည်။ ထိုအပူလှိုင်းကြီးသည်သူ့ကျောပေါ်မှပွတ်ကာသီကာဖြတ်သွားလေသည်။ သူ၏နားထင်ဘေးမှအမွေးတို့ချက်ချင်းအရည်ပျော်သွားလေတော့သည်။
“ဗုန်း”
အသံနက်ကြီးတခုထွက်လာသည်။ ထိုအသံသည်မနီးမဝေးမှငှက်များကိုထိတ်လန့်သွားစေလေသည်။
သူတို့သည်လေထဲတွင်ရပ်တန့်လိုက်၍ထိုနေရာသည်မငြိမ့်ချမ်းဘူးဆိုတာကိုညွှန်ပြနေသည်။
လူ့အရပ်လောက်ရှိသောသစ်ပင်ကြီးတပင်သည်ထစ်ပိုင်းကျိုးသွားလေပြီးမီးသွေးတုံးပမာဖြစ်သွားလေသည်။
မီးခိုးငွေ့များပတ်ဝန်းကျင်တခုလုံးသို့ခြုံလွှမ်းသွားလေတော့သည်။
“ဟင်း မင်းကရှောင်ရဲတယ်ပေါ့။ နောက်ခါအခွင့်အရေးမရစေရပါဘူး။ လက်နှစ်ဖက်ဖြင့်မြောင်ကျင်းကိုဝန်းရံထား၍အသက်ပင်ရှူလို့မရအောင်လုပ်ထားလေသည်။
မီးတောက်တို့သည်နောက်တခါလာပြန်၍ပတ်ဝန်းကျင်မှမြက်ပင်များခြောက်သွားစေသည်။
အလွန်အန္တရာယ်ရှိသောထိုလူများကို မြောင်ကျင်းသည်သတိကြီးစွားထား၍တိုက်ခိုက်ရတော့မည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now