85

243 13 0
                                    

အခန်း (၈၅) ခေါင်းဆောင်ပေါ်လာသည်။
“ဒီလေလံအိမ်ပိုင်ရှင်က အင်မတန်နားလည်ရခက်တဲ့လူဗျ”

ဒုတိယခေါင်းဆောင်သည် ဂနာမငြိမ်နိုင်။ သူတိုက်ခိုက်ဖို့ ပြင်ဆင်သည်။ ဒုခေါင်းဆောင်လွှတ်လိုက်သောသူကို မြောင်ကျန်းမြင်လျှင်နားလည်လိုက်ပြီ။ လင်မိုထင်သည့်အတိုင်းပင်။

“ဝမ်းနည်းပါတယ် သခင်လေးက အပြင်လူဝင်ခွင့်မပြုပါဘူး။
“သူဘယ်သူလဲ မင်းသိလား။ လင်မျိုးနွယ်စုဒုတိယခေါင်းဆောင် ဒီကိုရောက်နေတာသိလား။ မင်းသခင်က ရိုင်းစိုင်းလှချေလား”

ထိုစကားကိုကြားသော် မြောင်ကျန်းပြုံးဖြီးဖြီးလုပ်လိုက်ပြီး

“သကြားမင်းဆိုရင်‌တောင် ဂရုမစိုက်ဘူးဗျာ။အခုက ဒုတိယပေါက်စပဲ ဘာတွေလေကျယ်နေတာလဲ”

ဒုတိယခေါင်းဆောင်၏ မျက်နှာပျက်သွားလေသည်။

“မင်းကလားငါ့ကို”

သူ့ဘဝတလျှောက်လုံး ထိုသို့စော်ကားမခံခဲ့ရပေ။ လင်မိုကလွဲလျှင် လင်မျိုးနွယ်စုတွင် အားလုံးသည် သူလုပ်လျှင် အဆင်ပြေလေသည်။

“ကောင်းပြီ”

စကားဆုံးသည်နှင့် အင်မတန်အားကြီးသောစွမ်းအားကို ခံစားရလေသည်။ မြောင်ကျန်းကိုအဓိကပစ်မှတ် ထားလေသည်။
လင်မို၏ ဆေးလုံးများကို မသုံးခဲ့လျှင် မြောင်ကျန်းသည် ထိုစွမ်းအားထုကြီးကို ခံနိုင်မည်မဟုတ်ပေ။


မြောင်ကျန်းက အေးအေးဆေးဆေးပြောလိုက်သည်

“ဒုတိယခေါင်းဆောင် ဒါပဲလား။ ဒီလိုဆိုကျေးဇူးပြု၍ ထွက်သွားပါတော့”

မြောင်ကျန်းကို အံ့သြတကြီး ကြည့်လိုက်သည်။ သူသည်အနည်းဆုံး သူ့စွမ်းအား၏ခြောက်ဆယ်ရာနှုန်း သုံးခဲ့သော်လည်းမြောင်ကျန်းကား ဘာမျှမဖြစ်ပေ။
အစေခံနဲ့တူပေမယ့် လေလံအိမ်ပိုင်ရှင်ဖြစ်နေလျှင် အခက်။ ဒုတိယခေါင်းဆောင်နည်းနည်း ကြောက်လာလေသည်။

“သွားကြစို့”

သူတို့အိမ်ပြန်ရောက်သောအခါ သူတို့ကိုစောင့်နေသောလင်ယီရွှမ်နှင့် အခြားအကြီးအကဲများကို တွေ့ရလေသည်။

“ဒုတိယခေါင်းဆောင် လင်မျိုးနွယ်စုတို့ရဲ့စည်းမျဥ်းကိုမေ့နေပြီလား။ ခေါင်းဆောင်ကလတိုင်းရက်သတ်မှတ်ထားတာ ဒီနေ့လေလံပွဲနေ့ဘဲ။ ဒီလိုပဲလုပ်ခဲ့တာနှစ်ချီနေပြီ။ ဒီနေ့ဘာလို့ချိုးဖောက်ခဲ့ရတာလဲ”

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now