10

382 37 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၁၀
(အုတ်မြစ်ချအောင်မြင်မှုနှင့်ကြီးကျယ်သောရာဇဝင်)

လူစုခွဲသွားချိန်တွင် ညနက်လေပြီ။ ဦးလေးဝမ်က အမြတ်အစွန်းကိုမှတ်တမ်းတင်သည်။ သူ့မျက်နှာကစိတ်လှုပ်ရှားမှုကိုပြနေသည်။
“သခင်လေးရေ ငါတို့ပစ္စည်းငါးခုစလုံးလေလံတင်နိုင်လို့ ဝိညာဥ်ကျောက်တုံး ၄၄၀၀၀ရတယ်ဗျ။ ဒါကရိုးရိုးကြေးစားအဖွဲ့ရဲ့စုစုပေါင်းမတည်မှုနဲ့တန်းတည်လောက်ရှိသားဘဲ”

အဲလောက်အများကြီးကိုမြင်တော့ဦးလေးဝမ် တော်‌တော်အံ့သြနေသည်။ လက်တွေပင်ကတုန်ကယင်။ သူ့ဘဝတလျှောက်ထိုမျှများပြားသောဝိညာဥ်ကျောက်တုံးများကိုတခါမျှမမြင်ဖူး။

လင်မိုကတော့တည်တည်ငြိမ်ငြိမ်။ ဒါအစဘဲရှိသေးသည်။ နောက်ပိုင်းတွင်ပို၍ရဖို့ရှိသည်။ စွမ်းအားရှိလေလေ လေလံတင်ဖို့ပစ္စည်းရလေလေပင်။ ဒီလိုဆို ထိုစနစ်သည်ပို၍များပြားသောဆုလာဘ်များကိုယူဆောင်ပေးဖို့ရှိလေသည်။

ပစ္စည်းတောင့်လေလေသူပို၍ကြီးပွားလေလေဖြစ်သည်။ ဒီလိုနဲ့ အထက်တန်းဝိညာဥ်ကျောက်တုံးများကိုသက်တောင့်သက်သာရရှိနိုင်လိမ့်မည်။
လင်မို၏တည်ငြိမ်မှုကိုကြည့်၍ ဦးလေးဝမ်သူ့ကိုယ်သူရှက်မိသည်။ ဘာပြောပြော လင်မိုကိုမလေးစားဘဲမနေနိုင်။

“ဦးလေးဝမ် နောက်လာမယ့်လေလံပွဲအတွက်ပစ္စည်းတွေသာစုထားပေတော့။ အဆင့်သုံးအောက်တွေတော့မလိုချင်တော့ဘူးဗျာ။ အဆင့်လေးကျော်ရင်ဘယ်လောက်ပေးရပေးရဝယ်သာထားလိုက်ဗျာ။ နောက်ရက်တွေတော့ကျွန်တော်ကျင့်လိုက်အုံးမယ်။ အရေးမကြီးရင်‌တော့ကျွန်‌တော့်ကိုအခေါ်ပါနဲ့”

လင်မို ကားသူ့ရည်ရွယ်ချက်နဲ့သူရှိလေသည်။ လေလံအိမ်ကို၏နာမည်ကိုတဖြည်းဖြည်းချင်းမြှင့်တင်သွားချင်သည်။ ထို့ပြင် ဘယ်ဧည့်သည်မှငြင်းလွှတ်မည်မဟုတ်။ သူတို့လာသည်ဆိုလျှင်ပင်ပိုက်ဆံပါ၍ဟုတွက်ချက်နိုင်သည်။ ဤသို့ဖြင့် ဝိညာဥ်ကျောက်တုံးအမြောက်အများရနိုင်လေသည်။

မှာစရာရှိတာမှာ၍ လေလံခန်းမ‌နောက်ကသီးသန့်အဆောင်ဆီသို့သွား၍ကျင့်ကြံအားထုတ်လေတော့သည်။
ခုတော့သူ ထိုစနစ်မှပစ္စည်းလေးခုလက်ခံရရှိလေသည်။ သောကကင်းမဲ့သီး၊ငါးဥ၊ ဖရိုဖရဲဆေး ၊ ဆီးနှင်းဓားသိုင်း တို့ဖြစ်သည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now