24

331 22 0
                                    

လေလံအိမ်ရဲ့အရှင်သခင်
အပိုင်း ၂၄
မြေ၊ ရေ ကမ္ဘာလက်နက်နှင့် တန်ပြန်စစ်သား

" ဆိုတော့ .........ဘယ်အချိန်ထဲက သက်စောင့်ငါးက လွတ်သွားတာလဲ.?"

ဝူကျင်း ကတောာ့ ငိုယိုအော်ဟစ်နေရင်း သက်စောင့်ငါးရန်မှ ရှောင်တိမ်းနေရသည်။ လင်မို နှင့် တူဝမ် ကတော့ ရယ်သာနေကြတော့သည်။ သက်စောင့်ငါးကတော့ ဝူကျင်း အား စနောက်ကာ သူ့နားမှာပင် တဝဲလည်လည်လုပ်နေလေသည်.။ အမှန်တကယ်သာ ရန်ပြုလိုပါက ထိုမျှအချိန်လိုမည် မဟုတ်ပေ။ သက်တော်စောင့်ငါးက အလျင်က လေကိုလျင်မြန်လေသည်.။

"ငါးတစ်ကောင် အဲ့လောက်မြန်တာကို တခါမှ မတွေ့ဖူးဘူး။ လေထဲမှာလည်း အသက်ရှင်နိုင်တယ်။"

လက်ရှိအခြေအနေကတော့ ပျော်စရာအတိပင် ဖြစ်သည်။ လင်မို ကမူ မိသားစုကြီးများ၏ အာရုံစိုက်ခြင်းကို ခံနေရပြီမှန်း မသိချေ။

ဘဏ္ဍာထိန်းကျန်းကမူ ချက်ချင်းပင် ထပြန်ကာ တော်ဝင်မိသားစု အားသတင်းပို့ချေပြီ။ တချိန်တည်းမှာပင် မြောင်မိသားစုကလည်း မိသားစုတွေ့ဆုံခန်းမတွင် လူစုနေပြီဖြစ်သည်။ မြောင်ယန် ၏ ဖခင်ဖြစ်သူ မြောင်ကျန်း  အပါအဝင် တခြားအရေးပါအရာရှိသော လူကြီးများလည်း ရောက်ရှိနေကြပြီဖြစ်သည်။
"သားငယ် ယန်...သား လေလံပွဲက ပြန်လာတာမို့လား။ မျက်နှာက ဘာလို့ရေးကြီးသုတ်ပြာပုံပေါ်နေတာတုန်း ။
အရေးကြီးကိစ္စများ ပြောစရာရှိနေလို့လား..............ဘာသတင်းမို့ ဒီလောက်ပြာနေပါလိမ့်.?"

မြောင်ကျန်း ကမူ သူ့သားက ဘယ်ကိစ္စကြောင့် လူအများအပြားစုခိုင်းသည်ကိုပင် အတွေးများနေတုန်းပင်။
"အဖေ...အဖေ သားကို လေလံပွဲအခြေအနေ သွားကြည့်ခိုင်းခဲ့တယ်မို့လား.............။အဲ့ဒီမှာ ကျွန်တော်တို့လေလံအိမ်မှာပဲ ရတဲ့ ဖရိုဖရဲဆေး တင်မကဘူး အဆက့်၆သိုင်းနည်းစနစ် ပါ ရှိတယ်။"

မြောင်ယန် က လင်မို ထံတွင် ဖရိုဖရဲဆေးလုံး ရှိနေသည့်အတွက် အလွန်ပင် အံ့အားသင့်နေသည်။ သူသည် လင်မို အား လှောင်ပင်လှောင်ရယ်ထားသေးသည် မို့လား ။ ဖရိုဖရဲဆေး သည်  အလွန်ရှားပါးသော ပစ္စည်းဖြစ်လေပြီး သာမန်လေလံအိမ်များတွင် မရနိုင်ပေ။ မြောင်လေလံအိမ်၌ပင် ရှားပါးသောပစ္စည်းဖြစ်လေသည်။
မြောင်မိသားစုသည် ဆိုးညစ်ယုတ်မာတတ်၍ မလိုအပ်လျှင် ပြဿနာမတက်အောင် အရှောင်ခံရသည့် မိသားစု ဖြစ်သည်။ တစ်ယောက်ယောက်ထံတွင် ဖရိုဖရဲဆေးလုံး ရှိလာပါက သူတို့ထံတွင်သာ ရောင်းကိုရောင်းချပေးရလေသည်။ လင်မို ကမူ မျှမျှတတရှိကာ တန်ဖိုးမှန်သည်မို့ ထိုလုပ်ရပ်က သူတို့အား ပါးရိုက်လိုက်သည့်နှယ် အရှက်တကွဲ ဖြစ်စေသည်။

လေလံအိမ်ရဲ့အရှင်သခင်Where stories live. Discover now